စလင်းတွင် စစ်ကောင်စီတပ်သားများ စခန်းကိုစွန့်ခွာ

ပါခွီး

(မဇ္စျိမ)။ ။မကွေးတိုင်း၊ စလင်းမြို့နယ်၊ ငလှိုင်တွင်းကျေးရွာအနီးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သား များ စခန်းကိုစွန့်ခွာထွက်ပြေးသွားကြောင်း အမှတ်(၁)စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးရုံးက ယနေ့ (မေ လ ၂၁ ရက်) ထုတ်ပြန်သည်။

ငလှိုင်တွင်းကျေးရွာအနီးတွင် အင်အား ၄၀ ခန့်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများသည် မေလ ၈ ရက်နေ့က ဆုတ်ခွာသွားခဲ့ခြင်းဖြစ်ပြီး မေလ ၉ ရက်နေ့တွင် ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက် ရှင်း လင်းခဲ့ခြင်းဖြစ်သည်။

“အဓိကတော့ လာတိုက်မှာစိုးရိမ်လို့ပါ။ စခန်းလက်လွှတ်ရတဲ့အခြေအနေရှိတဲ့အတွက် ဆုတ်ခွာသွားတာ” ဟု အမှတ်(၁)စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးရုံး တာဝန်ရှိသူတဦးက မဇ္စျိမကိုပြောသည်။

စခန်းကို မင်းဘူးခရိုင် အမှတ်(၁)၊ အမှတ်(၅)တပ်ရင်းများမှ နယ်မြေရှင်းလင်းခဲ့ခြင်းဖြစ်ပြီး စစ်အသုံး အဆောင်ပစ္စည်းများမရှိဘဲ ကျန်ရစ်သမျှကို မီးရှို့ဖျက်ဆီးပစ်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သားများသည် စလင်းမြို့နယ်၊ ကံပြားရဲစခန်းသို့ဆုတ်ခွာသွားခဲ့ပြီး အချို့ကိုတိုက်ပွဲပြင်း ထန်နေသည့် ရခိုင်ပြည်နယ်ဘက်သို့ပို့ကြောင်း စစ်ဒေသတာဝန်ရှိ သူကဆက်ပြောသည်။

နယ်မြေရှင်းလင်းရေးပြုလုပ်နေစဥ်အတွင်း လေကြောင်းတိုက်ခိုက်မှုများ မဖြစ်စေရန်အတွက် သတင်း ထုတ်ပြန်မှုကို နောက်ကျမှ အသိပေးရခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။ ။စောဖေ