တရုတ်ဘဏ်များက အာမခံငွေ ရောင်းချခြင်းများကို ဆိုင်းငံ့

(ပုံစာ - တရုတ်စီးပွားရေးဘဏ်များသည် မကြာသေးသောနှစ်များအတွင်း ၎င်းတို့၏ အကျိုးအမြတ် ကျုံ့ဝင်မှုကို ရင်ဆိုင်နေရသည်။)

(ပုံစာ – တရုတ်စီးပွားရေးဘဏ်များသည် မကြာသေးသောနှစ်များအတွင်း ၎င်းတို့၏ အကျိုးအမြတ် ကျုံ့ဝင်မှုကို ရင်ဆိုင်နေရသည်။)

Nikkei Asia

တရုတ်စီးပွားရေးဘဏ်များသည် ကြမ်းတမ်းသည့် စီးပွားရေးအခင်းအကျင်းကြား ကုန်ကျစရိတ်များ လျှော့ချနိုင်ရန်အတွက် အဆများ အာမခံငွေ( large time deposits) များ ရောင်းချခြင်းကို တိုး၍ ဆိုင်းငံ့လျက် ရှိနေသည်။

ပုဂ္ဂလိက ငွေချေးငှားသည့် China Minsheng Bank သည် ယခုလအစောပိုင်းက ဒေါ်လာ ၁၀၀,၀၀၀ နှင့်အထက် အဆများ အာမခံငွေ large-denomination ceriticates of deposit (CDs) အသစ်ရောင်းချခြင်းကို ရပ်တန့်ခဲ့ကြောင်း ဌာနေမီဒီယာက ဖော်ပြသည်။ အဆိုပါ fixed-income savings accounts များကို ခြောက်လနှင့်အထက် ထိန်းချုပ်ထားခြင်း သို့မဟုတ် ယွမ် ၂၀၀,၀၀၀ (ဒေါ်လာ ၂၇,၆၉၅) အနည်းဆုံး အာမခံငွေ လိုအပ်မည် ဖြစ်သည်။

CDs သည် ဘဏ်များအတွက် ဖောက်သည်များကြား ကုမ္ပဏီများ ပါဝင်ခြင်းဖြင့် ရန်ပုံငွေ အဓိကအရင်းအမြစ် ဖြစ်သည်။ သို့ရာတွင် ယင်းအတွက် ပေးဆောင်ရသော အတိုးနှုန်းက ပုံမှန်ငွေစုအကောင့်များထက် ပိုလွန်၍ ရောင်းချသည့် မဟာဗျူဟာများကို ပြန်လည်သုံးသပ်ရန် ဘဏ်အချို့အား တွန်းအားဖြစ်စေသည်။

အကြီးစား CDs ဝေစုအတွက် လုပ်ငန်းသစ်များ လက်ခံခြင်းကို China Merchants Bank၊ China CITIC Bank နှင့် Hengfeng Bank တို့က ရပ်တန့်ထားပြီ ဖြစ်သည်။

တရုတ်ဘဏ်များအနေဖြင့် ချေးငွေသစ်များ တိုး၍ ထုတ်ပေးနိုင်ရေးအတွက် ရုန်းကန်နေရလျက် ရှိသည်။ စီးပွားရေးလုပ်ငန်းများနှင့် အိမ်ထောင်စုများသည် ၎င်းတို့၏ စီးပွားရေးအလားအလာ၌ နက်ရှိုင်းသော မရေရာမှုများ ရင်ဆိုင်နေကြရသည်။

ဧပြီလအတွင်း၌ ငွေလုံးငွေရင်း အသုံးစရိတ်နှင့် အိမ်ရာဝယ်ယူမှုအတွက် ကာလရှည် ရန်ပုံငွေပမဏာမှာ တနှစ်ကထက် ၅၆ ရာခိုင်နှုန်းအထိ ထိုးဆင်းသည်။

ဘဏ်များ၏ အမြတ်အစွန်းမှာလည်း ပုံမှန် ကျုံ့ဝင်လျက် ရှိနေသည်။ တရုတ်စီးပွားရေးဘဏ်အားလုံး၏ အမြတ်အစွန်းသည် ဒီဇင်ဘာလအထိ ၁ ဒသမ ၆၉ ရာခိုင်နှုန်း ရှိကြောင်း အမျိုးသားဘဏ္ဍာရေးစည်းကြပ်မှုအဖွဲ့က ထုတ်ပြန်ရာ စံချိန်တင် အနိမ့်ဆုံးပဲ ဖြစ်သည်။

ဘဏ်များ၏ ဘဏ္ဍာရေး ကျန်းမာမှုအတွက် သတိပေးမျဉ်းအဖြစ် အမြတ်အစွန်း ၁ ဒသမ ၈ ရာခိုင်နှုန်းကို လွတ်လပ်သော စည်းမျဉ်းကြပ်မတ်ရေးအဖွဲ့တရပ်က ဘဏ်လုပ်ငန်းအတွက် ကိုးကားဖော်ပြသည်။ တရုတ်ရှိ ထိပ်တန်းဘဏ် လေးခုလုံး၏ အမြတ်အစွန်းသည် ၂၀၂၃ ကထက် နိမ့်ပါးလျက်ရှိကြောင်း သိရသည်။

နိုင်ငံ၏ ဗဟိုဘဏ်ဖြစ်သော တရုတ်ပြည်သူ့ဘဏ်က တနင်္လာနေ့တွင် ချေးငွေအခြေခံနှုန်းများကို မပြောင်းမလဲဘဲ ဆက်ထားသည်။ ထိပ်တန်းကုမ္ပဏီများသို့ ချေးငှားရာတွင် ကိုးကားရာဖြစ်သော တနှစ်ကြာနှုန်းထားသည် ၃ဒသမ ၄၅ ရာခိုင်နှုန်း ဖြစ်သည်။ ပေါင်နှံမှုများအတွက် တန်ဖိုးဖြတ်သော ငါးနှစ်တာနှုန်းထားက ၃ ဒသမ ၉၅ ရာခိုင်နှုန်းမှာပင် ဖြစ်သည်။

ဗဟိုဘဏ်၏ လုပ်ဆောင်ချက်သည် ဘဏ်လုပ်ငန်းကဏ္ဍ၏ အခြေအနေကို ထည့်သွင်းစဉ်းစားဟန် ရှိသည်။ အတိုးနှုန်း လျှော့ချမှုသည် ဘဏ္ဍာငွေအတွက် တောင်းဆိုမှုကို နှိုးဆွနိုင်မည်ဖြစ်သော်လည်း အမြတ်အစွန်းတွင်မူ ဖိအား ကျရောက်နိုင်သည်။ နိမ့်ပါးသည့် ဝင်ငွေကြောင့် စာရင်းရှင်းထားသည့် ကြွေးရှုံးများအတွက် အတားအဆီးများ ပို၍ ဖန်တီးဖြစ်ပေါ်စေမည် ဖြစ်သည်။