အနောက်ကြို့ကုန်း အုပ်ချုပ်ရေးမှူးရုံးကို မြို့ပြပြောက်ကျားတပ်ဖွဲ့ တိုက်ခိုက်

ပုံအညွှန်း- ရန်ကုန်တွင် စစ်ဆေးမှု ပြုလုပ်နေသည့် ရဲ၊ စစ်ကောင်စီတပ်သားများနှင့် အုပ်ချုပ်ရေးမှူးများ (ဓါတ်ပုံ- ပုံဟောင်းဖြစ်ပါသည်)

ပုံအညွှန်း- ရန်ကုန်တွင် စစ်ဆေးမှု ပြုလုပ်နေသည့် ရဲ၊ စစ်ကောင်စီတပ်သားများနှင့် အုပ်ချုပ်ရေးမှူးများ (ဓါတ်ပုံ- ပုံဟောင်းဖြစ်ပါသည်)

YT

(မဇ္ဈိမ)။ ။ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်း အနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ Together Urban Force က ပြောသည်။

မြို့ပြရန်ကုန်တွင် စစ်ကောင်စီ လုံးဝအုပ်ချုပ်ခွင့်မရရေးအတွက် ၎င်းတို့၏ထောက်တိုင်များကို ရိုက်ချိုး မည်ဟူသည့် ရည်ရွယ်ချက်ဖြင့် မေလ ၃၀ ရက်နေ့ ည ၇ နာရီ ၅ မိနစ်ခန့်တွင် ကြို့ကုန်းအနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

အဆိုပါ ရပ်ကွက်ရုံးမှ အုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများသည် စစ်မှုထမ်း ဥပဒေနှင့်စပ်လျဉ်း၍ လူထုထံမှ ငွေကြေးတောင်းခံများရှိနေကြောင်း တိုင်ကြားချက်အရ သွားရောက်ပစ် ခတ်ခဲ့ခြင်းဖြစ်ကြောင်း Together Urban Force အဖွဲ့ ပြန်ကြားရေးက ပြောသည်။

“ကျွန်တော်တို့ လူထုတိုင်ကြားချက်နဲ့ စုံစမ်းစစ်ဆေးမှုအရ သွားရောက်ပစ်ခတ်ခဲ့တာပါ။ အချိန်အားဖြင့် လပိုင်းလောက် ယူခဲ့ရပါတယ်။ သေချာချိန်ရွယ်ပြီး ပစ်ခတ်ခဲ့တာကြောင့် ထိခိုက်မှုရှိနိုင်ပါတယ်။ ဘဏ္ဍာ ရေးအခက်အခဲကြောင့် ထိရောက်စွာ အလုပ်မပြီးခဲ့တာ ပြည်သူအားလုံးကို တောင်းပန်ချင်ပါတယ်” ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံး၌ ထိခိုက်၊ ပျက်စီးမှုများ ရှိနိုင် သော်လည်း အတိအကျကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့်ပတ်သက်သည့် လုပ်ငန်းများ၊ ဌာနဆိုင်ရာရုံးများ၊ စစ်ကောင်စီ အထိုင်ချကင်း၊ လှည့်ကင်းများနှင့် ဝေးရာတွင် သွားလာနေထိုင်ကြရန် Together Urban Force က အသိ ပေးထားသည်။

ပြီးခဲ့သော ဧပြီလ ၁၆ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်ကလည်း အင်းစိန်မြို့နယ်ရှိ ကညနရုံး အနောက် အပေါက် (အင်းစိန်လမ်းဘက်အခြမ်း)ကို Together Urban Force အဖွဲ့က အဝေးထိန်းမိုင်း နှစ်လုံးဆင်၍ တိုက်ခိုက်ခဲ့ရာ တလုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ