နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၇ ဇွန် ၂၀၂၄)

အမျိုးသား ညီညွတ်ရေးအစိုးရ

  • အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF၊ ရှမ်း တောင်အမှတ်  ၁၀၀၅ တပ်ရင်း – SSPDF အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၅ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
  • သြစတြေးလျနိုင်ငံ၊  ပြည်နယ်လွှတ်တော် အမတ်များ၊ တာဝန်ရှိသူများ နှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ ဇွန်လ ၆ ရက်က တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ကြ ကြောင်း NUG က သတင်းထုတ်ပြန်သည်။
  • စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ မတောကျေးရွာကို အကြမ်းဖက် စစ်အုပ်စုက ပေါင် (၂၅၀) ဗုံးများ အသုံးပြုကာ ဂျက်လေယာဉ်နှင့် ဗုံးကြဲချတိုက်ခိုက်ခဲ့သည့် ဖြစ်စဥ်အတွင်း ပြည်သူ ၃၄ ဦးသေဆုံးခဲ့ရသည်ဟု လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
  • ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေး ကောင်စီ (IEC) အနေဖြင့် ၂၀၂၃ ခုနှစ် ဇွန်လကနေ ၂၀၂၄ ခုနှစ် မေလ အ တွင်း ရန်ပုံငွေ ကျပ်သန်း ၈၀၀၀ ကျော် ရရှိခဲ့ပြီး လိုအပ်သည့် ကဏ္ဍများအတွက် ကျပ်သန်း ၆၀၀၀ ကျော် သုံးစွဲခဲ့ပြီးဖြစ်သည်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ခူဦးရယ်က ပြောသည်။
  • အ​​ကြမ်းဖက်စစ်တပ်က စာသင်ကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက်နေသည့်အပေါ် အမျိုးသား ညီညွတ်ရေး အစိုးရ၊ ပညာရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်လိုက်ပြီး ကလေးသူငယ်များ အတွက် လုံခြုံစွာ ပညာသင်ယူခွင့် နှင့် ဘေးကင်းလုံခြုံသောကျောင်းများ ပေါ်ပေါက်လာစေရေးအတွက် ဆောင်ရွက်ပေးရန် အထူးလိုအပ်နေသည်ဟု ဖော်ပြထားသည်။
  • အမျိုးသားညီညွတ်ရေးအစိုးရ ၊ Spring Development Bank  ဘဏ်က ချင်း နှင့် ကရင်နီဒေများတွင် အသေးစားချေးငွေ ကဏ္ဍဖော်ဆောင်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်နေပြီ ဖြစ်သည်ဟု စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောကြား လိုက်သည်။
  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးကို ဇွန် ၆ ရက်၊ နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
  • အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေး နှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန နှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း တို့တွင် ရှိသည့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှုကို ဇွန် ၆ ရက်၊ မွန်းလွဲ ၃ နာရီတွင် ပြုလုပ် ခဲ့ကြောင်း သိရသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

  • စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်စခန်း ၃ နေရာမှ စစ်ရှောင်ပြည်သူများကို အညာပစ်တိုင်း ထောင်လေးများအဖွဲ့က အလှူရှင်ကိုယ်စား ထမင်းတစ်နပ်ကို သွားရောက် လှူဒါန်း ခဲ့ကြောင်း သိရသည်။
  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် မြောက်ခြမ်းကျေးရွာများသပိတ်က အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဇွန်လ ၇ ရက်က ချီတက်ဆန္ဒပြရင်း ကျဆုံးရဲဘော်ကို အလေးပြုခဲ့ကြကြောင်း သိရသည်။
  • မန္တလေးတိုင်း၊ မြင်းခြံမြို့မှ ထွက်လာသော အကြမ်းဖက်စစ်ယာဉ်တန်းကို ဇွန်လ ၆ ရက်၊ ညနေ ၅ နာရီ မိနစ် ၄၀ ခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား တစ်စီး ပျက်စီးခဲ့ကြောင်း ရွှေဂျိုးဖြူပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ – မြင်းခြံ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
  • မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ နဘူးတောတောင်ရွာ၊ နဘူးတောမြောက်ရွာ၊ ဖောင်ချင်းရွာ နှင့် မကျည်းကုန်းကျေးရွာတို့ကို ဇွန်လ ၆ ရက်က အကြမ်းဖက်စစ်တပ် စစ်ကြောင်းက မီးရှို့ဖျက်ဆီးသွား ကြောင်း ဒေသခံ ပြည်သူများ၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ် သတင်းဌာနတွင် ဖော်ပြသည်။
  • မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ခံစပ်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်ကောင်စီ တပ်က ဇွန်လ ၆ ရက်၊ နံနက်ပိုင်းက တိုက်လေယာဉ်ဖြင့် ဗုံးကျဲခဲ့ရာ ဘုန်းကြီး ၁ ပါးအဝင် ၃ ဦး ဒဏ်ရာ ရရှိခဲ့ပြီး ဘုန်းကြီးကျောင်း ပျက်စီးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။
  • မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မာန်လည်ရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဇွန်လ ၅ ရက်၊ နံနက်ပိုင်းက ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ များပြားကြောင်း မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
  • မန္တလေးတိုင်း ၊ မြင်းခြံမြို့နယ် ၊ မာန်လည်ကျေးရွာအနီးတွင် အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်း နှင့် ကာကွယ်ရေးတပ်ဖွဲ့များ ဇွန်လ ၄ ရက် နှင့် ၅ ရက်တွင် တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်  ၁၀ ဦး သေဆုံးခဲ့ကြောင်း မလှိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
  • ဧရာ၀တီတိုင်း၊ ဓနုဖြူမြို့နယ်၊ ပန်းတနော်မြို့နယ်၊ မြန်အောင်မြို့နယ်တို့တွင် ဇွန်လ ၅ ရက်က စစ်တပ်နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက လူငယ်များကို တပ်သားသစ်များအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးမှုများ၊ ငွေကြေးအဓမ္မတောင်းခံမှုများ ဖြစ်ပွားနေကြောင်း ဒေသခံပြည်သူများက ပြောသည်။
  • တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ခမရ ၄၀၈ တပ်ရင်းကို မေလ ၃၁ ရက်က ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး အဆောက်အဦး တချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဓဝယ် အမျိုးသား လွတ်မြောက်ရေး တပ်တော်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
  • ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး နှင့် NUG ၊ KIA ၊ PDF ထောက်ခံသည့် လူထုသပိတ်စစ်ကြောင်းက ယနေ့ ဇွန်လ ၇ ရက်တွင် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
  • မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာလာရသော အိမ်နှင့် ဝေးကွာနေရသည့် မြန်မာပြည်သူများအတွက် ရည်ရွယ်ပြီး အိမ်လွမ်းသူ မြန်မာရုပ်ရှင်ပွဲတော်ကို ထိုင်းနိုင်ငံ၊ ပြင်သစ်၊ အင်ဒိုနီးရှားနိုင်ငံတို့၌ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
  • စစ်အာဏာရှင်ကို ဒရုန်းဖြင့် တိုက်ခိုက်ရာတွင် ဦးဆောင်တပ်ဖွဲ့တစ်ခုဖြစ်သော Federal Wingsက တာဝေးပြေး ဒရုန်းများကို ထုတ်လုပ်နေကြောင်း Federal Wings မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
  • မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင် ကျေးရွာအနီးတွင် အကြမ်းဖက် စစ်တပ်၏ ခလရ – ၁၀၆ တပ်ရင်း ဌာနချုပ် တပ်ခွဲမှူး ဗိုလ်မှူး သန်းနိုင်စိုးကို ဇွန်လ ၅ ရက်၊ ညနေ ၆ နာရီအချိန်ခန့်က လက်နက်နှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရေးပြောက်ကျားတပ်မှ သိရသည်။
  • မွန်ပြည်နယ်၊ ဘီလင်းမြို့တွင် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့မှ ရဲတပ်ကြပ် တင်လှသည် ဇွန်လ ၆ ရက်၊ ညနေ ၆ နာရီခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။
  • ချင်းပြည်နယ်၊ ဖလမ်းမြို့ ဒေသခံများသည် တိုက်ပွဲများ ပြင်းထန်လာနိုင်သည်ဆိုသည့် သတင်းကြောင့်  ဘဏ်တွင် အပ်ထားသည့်ငွေများ ထုတ်ယူမှုများလာပြီး အချို့ဒေသခံများကလည်း စစ်ဘေးရှောင်ရန် ပြင်ဆင်နေကြသည်ဟု ဒေသခံများထံမှ သိရသည်။
  • ရခိုင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းတွင် စစ်တပ်၏ သတ်ဖြတ်မှုများကြောင့် ပြည်သူအများအပြား သေဆုံး ရမှုအပေါ် အလွန်စိုးရိမ်ကြောင်း ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် António Guterres ၏ ပြောရေးဆိုခွင့်ရှိသူ Stéphane Dujarric က ယနေ့ ထုတ်ပြန်ပြောဆိုသည်။
  • ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံကို ပြုလုပ်လျက်ရှိရာ အကြမ်းဖက်မှုများ ကျူးလွန်နေသည့် မြန်မာစစ်အုပ်စုအား ILO Constitution နှင့်အညီ အရေးယူရန် နှင့် အမျိုးသားညီညွတ်ရေး အစိုးရကို တရားဝင်အစိုးရအဖြစ် ILO က အသိအမှတ်ပြုရန် ဖိလစ်ပိုင်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ကိုယ်စားလှယ်က တိုက်တွန်း ပြောကြားလိုက်သည်။

တိုင်းရင်းသား လက်နက်ကိုင်များ

  • ZFU/PDF Zoland အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၁၄ သင်တန်းဆင်းပွဲကို ဇွန်လ ၁ ရက်က အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
  • ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာမှ အပြစ်မဲ့ ပြည်သူ ၇၆ ဦးကို စစ်ကောင်စီ နှင့် လက် အောက်ခံများက သတ်ဖြတ်မှု TNLA နှင့် MNDAA က အပြင်းအထန် ကန့်ကွက် ရှုတ်ချကြောင်း ယမန် နေ့တွင် တရားဝင်ထုတ်ပြန်ကြေညာလိုက်သည်။
  • တအာင်းတပ်မတော် (TNLA) သိမ်းပိုက် ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ နှင့် ကွတ်ခိုင်မြို့တို့တွင် မူးယစ် ဆေး နှင့် စစ်ကောင်စီ ထုတ်ကုန်များ ကူသန်းရောင်းဝယ်ခြင်း ပြုမပြု ရှောင်တခင် စစ်ဆေးခဲ့ဟု TNLA က ထုတ်ပြန်သည်။
  • ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် အရပ်သားများအား ပစ်မှတ်ထား၍ စစ်ကောင်စီက လေကြောင်းမှ မကြာခဏ တိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုကျူးလွန်နေကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) CDF-Mindat ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က မဇ္စျိမကို ပြောသည်။
  • ချင်းပြည်နယ်၏ မြို့တော် ဟားခါးနှင့် မိုင် ၁၀၀ ကျော်ဝေးသည့် မတူပီမြို့ကို ဒေသခံကာကွယ်ရေး တပ်များက မြို့သိမ်းတိုက်ပွဲဆင်နွဲမည်ဆိုသည့် သတင်းများကြောင့် မြို့ပေါ်တွင် စစ်ကောင်စီတပ်က ခုခံစစ်များ ပြင်ဆင်နေကြောင်း မြို့ခံများက မဇ္ဈိမကို ပြောသည်။
  • စစ်ကောင်စီက ဗျိုးဖြူကျေးရွာတွင် ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုမျိုးကို ရခိုင်ပြည်နယ်တွင် သာမက မြန်မာတစ်နိုင်ငံလုံးတွင် ထပ်မံ မကျူးလွန်ရန် ညီနောင်မဟာမိတ်သုံးဖွဲ့က ဇွန်လ ၆ ရက်၊ ညပိုင်းက သတိပေး ထုတ်ပြန်လိုက်သည်။
  • ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်မှ စစ်ဘေးရှောင်များ အမိုးအကာများ နှင့် ဆေးဝါးအကူအညီများ လိုအပ်နေကြောင်း KNU တပ်မဟာ (၅) ပြောခွင့်ရ နှင့် စစ်ဘေးရှောင် အကူအညီပေးနေသူထံမှ သိရသည်။
  • ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဗျူဟာအသစ်တစ်ခုဖြစ်သည့် အမှတ် (၈) ဗျူဟာ ကို ဇွန် ၁ ရက်တွင် ထပ်တိုးဖွဲ့စည်းလိုက်သည်ဟု ဗျူဟာ ၈ သတင်း နှင့် ပြန်ကြားရေး တာဝန်ခံ၏ ပြောဆိုချက်ကို ကိုးကားပြီး PVTV  သတင်းဌာနတွင် ဖော်ပြသည်။
  • ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အင်းဒင်အခြေစိုက် အမှတ် ၆ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ ၆) ကို ဇွန်လ ၆ ရက်တွင် ရက္ခိုင့်တပ်တော် (AA) က သိမ်းယူလိုက်သည်ဟု ဒေသခံများ၏ ပြောဆိုချက်ကို ကိုးကားပြီး RFA သတင်းဌာနတွင် ဖော်ပြသည်။
  • ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်း အခြေစိုက် လှုပ်ရှားနေသည့် ဇိုလဲန်း ပြည်သူ့ကာကွယ်ရေးတပ် (PDF-Zoland)၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဇွန်လ ၁ရက်တွင် ပြုလုပ်ခဲ့ဟု PDF ဇိုလဲန်းက ယနေ့ ဇွန်လ ၇ ရက်တွင် ထုတ်ပြန်အသိပေးသည်။

စစ်ကောင်စီ

  • ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (FTAF)၏ မြန်မာနိုင်ငံအပေါ်အကြံပြုချက် အချက် ၄၀ အနက် စံနှုန်းသတ်မှတ်ချက်နိမ့်သည့် အကြံပြုချက်များကို စဉ်ဆက်မပြတ် တိုးတက်မှုများ ဆောင်ရွက် ခဲ့ရာ ၂၀၂၃ ခုနှစ်မှာ စံနှုန်းသတ်မှတ်ချက် ၂၅ ချက် ကောင်းမွန်ခဲ့သည်ဟု စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်လိုက်သည်။
  • ပြည်ပထွက်အလုပ်လုပ်ခွင့် နိုင်ငံကူးလက်မှတ် PJ (Passport for Job) ကနေ အလည်အပတ် နိုင်ငံကူးလက်မှတ် (Passport for Visit) ပြောင်းလဲ လျှောက်ထားမှုများကို ဇွန်လ ၆ ရက်ကစပြီး စစ်ကောင်စီက ပိတ်လိုက်ကြောင်း သိရသည်။
  • စက်မှုဇုန်ပြင်ပတွင် လည်ပတ်နေသည့် လုပ်ငန်းများ ရှိသည့်အတွက် စက်မှုဇုန်အသစ်များ ထပ်မံ တည် ဆောက်ပေးသွား ရမည်ဖြစ်သည်ဟု စစ်ကောင်စီ လက်အောက်ခံ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ချာလီသန်းက ဇွန်လ ၆ ရက်က စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ် သည့် ဆွေးနွေးပွဲတွင် ပြောသည်။
  • လာမည့် ဒီဇင်ဘာလတွင် ကျင်းပမည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကြီးကို မြန်မာလူမျိုးဖြစ် ရခြင်းကို ဂုဏ်ယူသည့် စိတ်ဖြစ်အောင်၊ အရှေ့တောင်အာရှအားကစားပွဲတော်ပြိုင်ပွဲတွင် ကြည့်ရှုခံစားခဲ့ရသည့် စိတ်ခံစား မှုမျိုး ပြန်လည်ရရှိအောင် ကျင်းပသွားမည် ဖြစ်သည်ဟု စစ်ကောင်စီ လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောသည်။
  • ပြည်သူတွေအနေဖြင့် စားသုံးဆီများကို ဝယ်ယူရာမှာ တိုးဝှေ့တန်းစီ ဝယ်ယူနေရခြင်းမျိုး မဖြစ်ရ လေအောင် ကြိုးစားဆောင်ရွက်ပေးကြရန် လိုအပ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောကြားလိုက်သည်။
  • အမေရိကန်ဒေါ်လာ ၁၇၆ သန်းကျော်၊ ထိုင်းဘတ်ငွေ ၁ ဘီလီယံခွဲကျော် နှင့် တရုတ်ယွမ် သန်း ၄၀ ကျော် ကို ဗဟိုဘဏ်က ဇန်နဝါရီကနေ မေလအတွင်း ထုတ်ရောင်းပေးခဲ့သည်ဟု စစ်ကောင်စီ ထိန်းချုပ်သတင်း စာကနေ ထုတ်ပြန်လိုက်သည်။

ဇွန် ၇ ရက် သုံးသပ်ချက်

  • စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို ရှောင်တိမ်းရန် လူငယ်များ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ကိုင်မှု များပြားလာမှုကို ကန့်သတ်ပိတ်ပင်မှုများ ပြုလုပ်နေသလို ယခုလည်း နိုင်ငံကူးလက်မှတ်ပြောင်းလဲ မှုများကို ပိတ်ပင်လာသည့်အတွက် လူငယ်များ ပြည်ပအလုပ်ထွက်ခွာအလုပ်လုပ်ကိုင်ခွင့် ပိုမိုခက်ခဲနိုင်သည်။