နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၁၀ ဇွန် ၂၀၂၄)

အမျိုးသား ညီညွတ်ရေးအစိုးရ

မြန်မာနိုင်ငံတောင်ပိုင်း တော်လှန်ရေးနယ်မြေ တစ်နေရာတွင် တောင်ပိုင်းတိုင်း စစ်ဒေသခွဲ ၃ အပတ်စဉ် ၇ ဒရုန်းသင်တန်းဆင်းပွဲကို ဇွန်လ ၇ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဩစတြေးလျနိုင်ငံ၊ Adelaide မြို့ရှိ Playford Baptist Church Hall ခန်းမကြီးတွင် NUG အစိုးရ နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သည် မြန်မာပြည်ဖွား တိုင်းရင်းသားများနှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

NUG ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာန၊ တိုင်းစစ်ဆင် ရေးတာဝန်ခံ ရဲဘော်ဒေဝက အခြေခံစစ်ပညာသင်တန်းသား ရဲဘော်သစ်များကို နိုင်ငံရေးလမ်းညွှန်မှု နှင့် တော်လှန်ရေးအတွေ့အကြုံများကို ဇွန်လ ၉ ရက်တွင် ဆွေးနွေးဝေမျှခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် တနင်္သာရီတိုင်းအခြေစိုက် တော်လှန်ရေးရဲဘော် ၄၀ ခန့်အား အမျိုး သား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်းစစ်ဒေသရှိ စောနဂါး ဒရုန်း တပ်မှ ဦးဆောင် ပြီး သင်တန်းပေးခဲ့ကြောင်း အဆိုပါ သင်တန်း၌ ပါဝင်တက်ရောက်ခဲ့သည့် မွန်ပြည် တော်လှန်ရေးတပ်(MSDF)က ယနေ့ ထုတ်ပြန်သည်။

ပဲခူးတိုင်း၊ ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြုလုပ်နေသည့် “မိုးဦးလက်ဆောင်” ကျည် (၅ထောင်) ကမ်ပိန်းဖွင့်ပွဲ အခမ်းအနားကို အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ အတွင်းဝန် ဦးမောင်မောင်ဆွေ တက်ရောက်ခဲ့သည်ဟု Kawa PDF အဖွဲ့က ယနေ့ အသိပေး ထုတ်ပြန် ထားသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၉) တပ်ရင်းကို ဆေးဝါးပစ္စည်း များ ဝယ်ယူနိုင်ရန် ငွေကျပ် ၁၀ သိန်း ထောက်ပံ့ပေးခဲ့သည်ဟု The Way Musical Film Family အဖွဲ့က ယမန်နေ့က အသိပေး ထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်း၊ရေဖြူမြို့နယ်၊ ရားဖူးရွာသစ်ကျေးရွာကို စစ်ကောင်စီရေတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး အသက်ခြောက်လအရွယ် ကလေးငယ်အပါအဝင် မိသားစုဝင်သုံးဦးသေဆုံးကာ ကိုးနှစ်အရွယ်ကလေးတဦးဒဏ်ရာရခဲ့ကြောင်း ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံအောက်ပိုင်းနှင့် ကမ်းရိုးတန်းဒေသများတွင် မိုးဆက်လက် ကောင်းနိုင်ပြီး ရေကြီး၊မြေပြိုမှုဘေးသတိပြုကြရန် အမျိုးသားညီညွှတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ယနေ့(ဇွန်လ ၁၀ရက်) သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည့်အတွက် ဇွန်လ ၆ ရက်နေ့မှစတင်ပြီး NUG အစိုးရ စာသင်ကျောင်း များနှင့် လူစု လူဝေးဖြင့်ပြုလုပ်သောကိစ္စရပ်များကို ယာယီပိတ်ထားကြောင်း မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်

တော်လှန်ရေး လှုပ်ရှားမှုများ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ပြည်သူ့အားမာန် သပိတ်စစ်ကြောင်းက ” မတရားစစ်မှုထမ်း ဥပ ဒေကို လူထုအားနဲ့ ဆန့်ကျင်ကြ ” စာသားများ ကိုင်စွဲကာ ယနေ့ ဇွန်လ ၁၀ ရက်တွင် စစ်အာဏာရှင် စနစ်ကျရှုံးရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ယင်းမာပင်မြို့နယ် မြောက်ခြမ်းကျေးရွာများသပိတ်က အကြမ်း ဖက်စစ်တပ် ကျရှုံးရေး ယနေ့ ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြိုနယ် ရက်ရှည်စစ်ရှောင်စခန်းရှိ စစ်ပြည်သူများအတွက် အညာပစ်တိုင်း ထောင်လေးများအဖွဲ့က မိုးကာများကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ၊ မင်းကြီးဟိုတယ်တွင် ယမန်နေ့က ရေကူးနေသော လူငယ်များကို စစ်ကောင် စီတပ် နှင့် ရဲများက ဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက် ယနေ့တွင် အသက်မပြည့်သော ကလေး တချို့ကို ပြန် လွှတ်ပေးပြီး အသက် ပြည့်သူတချို့ကိုလည်း စစ်မှုထမ်းပါမည်ဆိုသော ကတိခံဝန် ထိုးခိုင်းကာ ပြန်လွှတ် ပေးကြောင်း၊ တချို့ကိုမူ စစ်မှုထမ်းရန် ခေါ်ဆောင်သွားကြောင်း ကလေးမြို့မှ ပြည်သူတချို့က ပြော သည်။

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့တွင် စစ်ကောင်စီစခန်းများ တိုက်ခိုက်ခံရပြီးနောက် မြို့ပေါ်ရှိ လူနေ အိမ် များ၊ ရုံးအဆောက်အဦများကို ယနေ့ ဇွန်လ ၁၀ ရက်၊ နံနက်ပိုင်းတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက မီးရှို့ နေကြောင်း ဒေသခံ ပြည်သူများက ပြောသည်။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ် နေသောကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေများအတွင်း စာသင်ကျောင်းများ ရက် အကန့်အသက်မရှိ ပိတ်ထားရန်နှင့် လူစုလူဝေး မလုပ်ကြရန် မင်းကင်းမြို့နယ် ပြည်သူ့ကာ ကွယ်ရေး အဖွဲ့က အသိပေးထုတ်ပြန်သည်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ ရေနံသဘာဝဓာတ်ငွေ့ဖြန်ဝေရေးရုံးမှ ရဲတပ်သား ၁ ဦးသည် ဇွန်လ ၂ ရက်၊ နံနက် ၉ နာရီခန့်က လက်နက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ပခုက္ကူမြိုနယ် ပက ဖ ထံမှ သိရသည်။

မကွေးတိုင်း၊ အောင်လံမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးပြီး စစ်သား စုဆောင်းနေသဖြင့် အရေးယူမှုများ လုပ်ဆောင်မည် ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – အောင်လံမြို့က ဇွန်လ ၉ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် အမှတ်(၂၅၇) ခြေလျင်တပ်ရင်းမှ စစ်ကောင်စီတပ်က ပြည်သူ တစ်ဦး အား သတ်ဖြတ်ကာ လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်နေ၍ ပြည်သူများ ထွက်ပြေး တိမ်းရှောင် နေရကြောင်း ဒေသခံများက ပြောသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာ တောရကျောင်းပတ်ဝန်းကျင်ကို ဇွန်လ ၈ ရက်၊ ညနေ ၃ နာရီကျော်က လမ်းအခြေအနေလာကြည့်သော စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို တော်လှန်ရေး ပူး ပေါင်းတပ်ဖွဲ့များက ၄၀ မမ အပါအဝင် လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်သား ၄ ဦး နှင့် အရပ်သား ပြည်သူတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကျိုက်ထို တော်လှန်ရေး အင်အားစု (KRF) ထံမှ သိရ သည်။

အကြမ်းဖက် စစ်ကောင်စီက တရုတ်နိုင်ငံလုပ် စိုက်ပျိုးရေးသုံး ဒရုန်းစင်းရေ ရာပေါင်းများစွာကို စစ်ရေး ဆိုင်ရာ စစ်ဆင်ရေးအတွက် ဝယ်ယူပြီး ဗုံးတပ်ဆင် အသုံးပြုရန် တပ်ရင်းတပ်ဖွဲ့များသို့ ဖြန့်ဝေလျက် ရှိ ကြောင်း သိရသည်။

အမေရိကန် ပြည်ထောင်စု၊ မေရီလန်းပြည်နယ် Potomac တွင် ဒေါ်အောင်ဆန်းစုကြည်​၏ ၇၉ နှစ် မြောက် မွေးနေ့ပွဲ အကြိုနှင့် မစ္စတာ ရှောင်တာနယ်​၏ An Unlikely Prisoner မူရင်းစာအုပ် မိတ်ဆက် လက်မှတ်ရေးထိုးပွဲကို ဇွန်လ ၉ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

သြစတြေးလျ Cornerstone Resources ကုမ္ပဏီက အကြမ်းဖက် စစ်အုပ်စု နှင့် တွဲဖက်၍ သတ္တု တွင်း လုပ်ငန်းနှင့် ရေကာတာ စီမံကိန်းများ လုပ်ကိုင်နေကြောင်း Justice For Myanmar က အစီရင်ခံစာ ထုတ်ပြန်ဖော်ထုတ်လိုက်သည်။

တိုက်ပွဲများ ဖြစ်ပွားနေသော ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ မံဆောင်းကြိုး တံတားကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးလိုက်သဖြင့် တံတားပျက်စီးသွားပြီးနောက် တီးတိန်-အိန္ဒိယ နယ်စပ်ကုန်ပစ္စည်း စီးဆင်းမှုလည်း ရပ်တန့်သွားကြောင်း မဇ္ဈိမက စုံစမ်းသိရသည်

တိုင်းရင်းသား လက်နက်ကိုင်များ

တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ညှိနှိင်းပေးထားသော ဟိုင်ဂင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်၍ စစ်ကောင်စီက မိုးမိတ်မြို့နယ်ရှိ TNLA တပ်စခန်းကို ဇွန်လ ၉ ရက်၊ ညနေပိုင်းက လေယာဉ် ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ရာ တအာင်းရဲဘော်များ ထိခိုက်ဒဏ်ရာရရှိကြောင်း TNLA က သတင်း ထုတ်ပြန်သည်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့ ယနေ့ ဇွန်လ ၁၀ ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီ အပါအဝင် စစ်အစိုးရအဆက်ဆက်သည် အလုံးစုံ ဖျက်ဆီးရေးကိုသာ အောင်မြင်အောင် လုပ် နိုင်ခဲ့သူများဖြစ်ပြီး ပြည်သူများအား သတ်ဖြတ်ခြင်း အပါအဝင် ၎င်းတို့ ကျူးလွန်ခဲ့သည့် အမှားများအား တာဝန်ယူ ဝန်ခံခြင်းမရှိ​ကြောင်း ရက္ခိုင့်တပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဇွန်လ ၈ ရက် က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရာဖူးရွာသစ်အနီးတွင် ဇွန်လ ၈ ရက်၊ မွန်းလွဲပိုင်းက အကြမ်းဖက်စစ်တပ် နှင့် တော်လှန်ရေးအဖွဲ့များအကြား တိုက်ပွဲ ဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်က ၆ ဦး သေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။

ရေး – ထားဝယ် လမ်းပိုင်းအား စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင် ထိန်းချုပ်ရန် ကြိုးစားနေသကဲ့သို လမ်းပိုင်းတစ်လျောက် ဖြန့်ကျက်ထားသည့် တော်လှန်ရေး ပူးပေါင်းတပ်၏ တပ်ရင်းတပ်ဖွဲ့များကလည်း အပြင်းအထန် တန်ပြန် ထိုးစစ်ဆင်ရန် စီစဉ်ပြီး ဖြစ်ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ယမန်နေ့ ဇွန်လ ၉ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။

စစ်ကောင်စီ

နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများကို နိုင်ငံတော်အဆင့် အဆောင်အယောင် မော်တော်ယာဉ်များကို စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ဇွန်လ ၉ ရက်၊ နံနက်ပိုင်းက ဆက်ကပ်အပ်နှံခဲ့သည်ဟုထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီး ၊ သာကေတမြို့နယ် နှင့် သန်လျင်မြို့နယ်တို့ကို ဆက်သွယ်ထားသည့် ပဲခူးမြစ်ကူး (သန်လျင် အမှတ်-၃) တံတားသစ် ဖြတ်သန်းခများကို ဇွန်လ ၁၆ ရက်က စတင်ပြီး ကောက်ခံသွားမည်ဟု စစ်ကောင်စီဝါဒဖြန့်ချိရေးအဖွဲ့က ထုတ်ပြန်သည်။

ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF) ၏ စံသတ်မှတ်ချက်များထဲက လက်ငင်းရလဒ် တစ်ခုဖြစ်သည့် ကျောက်မျက်၊ ရွှေရောင်းဝယ်သူများ၊ အိမ်ခြံမြေကဏ္ဍတို့ကို ဆုံးရှုံးနိုင်ခြေ အခြေပြု ကြီးကြပ်စစ်ဆေးခြင်းတွင် ရလဒ်ကောင်း ရရှိခဲ့ကြောင်း စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း(YGEA)က ဇွန်လ ၁၀ ရက်အတွက် ရွှေအဖွင့်ဈေး ထုတ်ပြန်ရာမှာ အခေါက်ရွှေတစ်ကျပ်သားကို ငွေကျပ် လေးဆယ့်ခြောက်သိန်း ငါးသောင်းကျော် သတ်မှတ်လိုက်ပြီး ပြီးခဲ့သည့် စနေနေ့က အပိတ်ဈေးထက် ကျပ်တစ်သိန်းကျော် ဈေးကျလာသည်ကို ထုတ်ပြန်ချက် အရ သိရသည်။

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းတွင် ဘူတာသစ်နှစ်ခု တည်ဆောက်ရန် အိတ်ဖွင့် တင်ဒါ ခေါ်ယူထားသည်ဟု စစ်ကောင်စီ လက်အောက်ခံ မြန်မာ့မီးရထားက ဇွန်လ ၁၀ ရက်တွင် ထုတ် ပြန်ထားသည်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် စာစစ်ဌာနများက တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို မြန်မာ့အသံကနေ ထုတ်လွှင့်ကြေညာပေးသွားမည်ဟု စစ်ကောင်စီ လက်အောက်ခံ ပညာရေး ဝန်ကြီး ဌာနက သိရသည်။

ပြည်ပကနေ ခွင့်ရက်ရရှိပါက နိုင်ငံအတွင်း ပြန်ဝင်လာမည့် အလုပ်သမားများကို ပြည်တွင်း ဘဏ် အကောင့်ထဲ ငွေလွှဲထားသည့် အထောက်အထားများ တင်ပြနိုင်ရင် ပြည်ပအလုပ်အကိုင် သက်သေခံ ကတ် (OWIC) ထုတ်ပေးမည်ဟု စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက အသိပေးထားသည်။

ရခိုင်ပြည်နယ်တွင် AA ၏ တိုက်ခိုက်မှုများကြောင့် ထွက်ပြေးသွားသော မြန်မာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃၄ ဦးကို ဘင်္ဂလားဒေ့ရှ် အစိုးရက ဇွန်လ ၉ ရက်၊ နံနက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ ဆောင်လိုက်ပြီ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်မှ လာသော သတင်းများအရ သိရသည်။

စစ်ကိုင်းတိုင်း ၊ ကလေးမြို့မှ ဟိုတယ်ရေကူးကန်တခုတွင် ဖမ်းဆီးခဲ့သောလူငယ်၂၀ ကျော်အနက် ဆယ်ဦးထက်မနည်းကို စစ်မှုထမ်းမည်ဟု ခံဝန်ကတိဖြင့် စစ်ကောင်စီတပ်က ပြန်လွှတ်ပေးခဲ့ပြီး ကျန်သူများ ပြန်မလွတ်သေးကြောင်းဒေသခံများထံမှ သိရသည်။

ဇွန် ၁၀ ရက် သုံးသပ်ချက်

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကတော့ အလှူတန်းနှင့်ကောင်းမှုကုသိုလ်လေးလုပ်ပြီး ပွဲများတက်နေချိန် ၎င်းလက်အောက်ခံ စစ်သားများက တိုက်တိုင်းရှုံးကာ တဖက်နိုင်ငံထိအောင် ထွက်ပြေးနေရသည်။ ယင်းအပြင် ထွက်ပြေးသည် စစ်ကောင်စီလက်အောက်ခံနယ်ခြားစောင့်ရဲနှင် ရဲတပ်ဖွဲ့မိသားစုများကို စစ်ကောင်စီရဲတပ်သင်္ဘောက မကယ်တင်သည့်အပြင် သေနတ်ဖြင့် ပစ်ခတ်၍ ရဲတပ်ဖွဲ့ဝင်မိသားစုများ ဒေါသထွက်ပေါက်ကွဲနေချိန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဇိမ်ခံပစ္စည်းများ ဇိမ်ခံကားများကို လောကီရေးရာကိုစွန့်၍ လောကုတ္တရာ တရားများကို အားထုတ်ပါမည်ဆိုသည့် သံဃာဆိုသူများကို လှူဒါန်း၍ မျက်နှာလုပ်နေသည်ကို တွေ့ရသည်။