ထိုင်းနိုင်ငံအဆင့် ကျောင်းပေါင်းစုံ သိပ္ပံပညာရပ်ဆိုင်ရာ ပြိုင်ပွဲတွင် မြန်မာလူငယ် ရွှေတံဆိပ်ဆုရရှိ

ပုံအညွှန်း။ ။ ထိုင်းနိုင်ငံတွင် နိုင်ငံအဆင့် ကျောင်းပေါင်းစုံ သိပ္ပပညာဆိုင်ရာ ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရှိသော မောင်ချစ်မင်းကိုကို \ ဓာတ်ပုံ။ ။Htoo Chit

ပုံအညွှန်း။ ။ ထိုင်းနိုင်ငံတွင် နိုင်ငံအဆင့် ကျောင်းပေါင်းစုံ သိပ္ပပညာဆိုင်ရာ ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရှိသော မောင်ချစ်မင်းကိုကို \ ဓာတ်ပုံ။ ။Htoo Chit

ကိုခင်မောင်

(မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပသည့် နိုင်ငံအဆင့် ကျောင်းပေါင်းစုံ သိပ္ပံပညာရပ်ဆိုင်ရာ ပြိုင်ပွဲ၌ မြန်မာလူငယ် ရွှေတံဆပ်ဆုရရှိသွားကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ ဦးထူးချစ်ထံမှ သိရသည်။

ဘန်ကောက်မြို့ရှိ King Mongkut’s University Technology ကျောင်းတွင် ထိုင်းနိုင်ငံ၊ နိုင်ငံအဆင့် ကျောင်းပေါင်းစုံ သိပ္ပံပညာရပ်ဆိုင်ရာ ပြိုင်ပွဲ (Thailand Science Ideation Contest 2024 ) ကို ဇွန်လ ၈ ရက်နေ့က ကျင်းပခဲ့ရာ မောင်ချစ်မင်းကိုကိုမှ ရွှေတံဆိပ်ဆု ဆွတ်ခူးသွားခြင်းဖြစ်ကြောင်း သိရသည်။

ပုံအညွှန်း။ ။ ထိုင်းနိုင်ငံတွင် နိုင်ငံအဆင့် ကျောင်းပေါင်းစုံ သိပ္ပပညာဆိုင်ရာ ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရှိသော မောင်ချစ်မင်းကိုကို \ ဓာတ်ပုံ။ ။Htoo Chit

မောင်ချစ်မင်းကိုကို ကို မြန်မာ ရွှေ့ပြောင်းအလုပ်သမားများဖြစ်သည့် ဦးစိုးမြင့်နှင့် ဒေါ်သီတာမြင့်တို့က ထိုင်းနိုင်ငံတွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ မိဘနှစ်ပါးသည် မွန်ပြည်နယ်၊ ဘီလူးကျွန်းချောင်းဆုံမြို့နယ် ဇာတိဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် မောင်ချစ်မင်းကိုကိုသည် ထိုင်းနိုင်ငံ တောင်ပိုင်းကိုယ်စားပြုသွားရောက်ယှဥ်ပြိုင်ခဲ့ ခြင်းဖြစ်ပြီး ယခုလက်ရှိတွင် သွားဖက်ဆိုင်ရာ ဆရာဝန်တယောက်ဖြစ်ရန်ကြိုးစားနေသူ တဦးဖြစ်ကြောင်း သိရသည်။

“အဲဒီကလေးအတွက် အခုထဲက ပညာရေးရန်ပုံငွေ ရှာဖို့ ဆရာတော်တွေနဲ့ ညှိရဦးမယ်။ သူက သေချာတယ် သွားဖက်ဆိုင်ရာ ဆေးတက္ကသိုလ်ရဖို့၊ ဒါပေမဲ့ထိုင်းနိုင်ငံ ပညာရေးဥပဒေအရ သူက ထိုင်းသွားဖက်ဆိုင်ရာတက္ကသိုလ် တက်လို့ မရဘူး။ English Program နဲ့ တက်ရမှာ စျေးကြီးတယ် သူ့မိဘတွေ မတတ်နိုင်ဘူး၊ ကျနော်ကတော့ ဒီကလေးကို ဆေးတက္ကသိုလ် ရောက်အောင်ပို့ချင်တယ် ၊ ဝိုင်းကူကြရမှာပဲ။” ဟု ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ ဦးထူးချစ်မှ ၎င်း၏ဖေ့ဘုတ်စာမျက်နှာတွင်ပြောသည်။

ပုံအညွှန်း။ ။ ထိုင်းနိုင်ငံတွင် နိုင်ငံအဆင့် ကျောင်းပေါင်းစုံ သိပ္ပပညာဆိုင်ရာ ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရှိသော မောင်ချစ်မင်းကိုကို \ ဓာတ်ပုံ။ ။Htoo Chit

မောင်ချစ်မင်းကိုကိုသည် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) တွင် မူလတန်းမှ စတင်တက်ရောက်ခဲ့ပြီး လက်ရှိတွင် ထိုင်းနိုင်ငံတောင်ပိုင်း၊ တကွာပါမြို့ရှိ ထိုင်းအထက်တန်းတွင်တက်ရောက်နေကြောင်း သိရသည်။

ထိုင်းနိုင်ငံပညာရေးဆိုင်ဥပဒေအရ မည်သည့်နိုင်သားမဆို တရားဝင်နေထိုင်ခွင့်ရှိသူနှင့် တရားမဝင်နေထိုင်ခွင့်ရှိသူ နိုင်ငံခြားသား ကျောင်းနေအရွယ်ကလေးငယ်များသည် အခြေခံပညာကို ၁၅နှစ် အခမဲ့သင်ကြားနိုင်ခွင့်ရှိကြောင်းသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး