ဘိုလော့ဂ်နာနည်းပြဟောင်း မော့တာကို နည်းပြသစ်အဖြစ် ဂျူဗင်တပ်စ်သည် ခန့်အပ်

အီတလီကလပ် ဂျူဗင်တပ်စ်အသင်းဟာ ဘိုလော့ဂ်နာနည်းပြဟောင်း သီယာဂိုမော့တာကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။

အီတလီနဲ့ ဂျူဗင်တပ်စ်ရဲ့ စီးရီးအေပြိုင်ဘက် အင်တာမီလန်အသင်းတို့မှာ ကွင်းလယ်ကစားသမားအနေနဲ့ ကစားခဲ့တဲ့ အသက် ၄၁ နှစ်အရွယ် နည်းပြဟာ ၂၀၂၇ ဇွန်လအထိရှိတဲ့ သုံးနှစ်စာချုပ်ကို ချုပ်ဆိုခဲ့တာပါ။

အီတာလျံဖလားကို ရယူပေးခဲ့အပြီး နှစ်ရက်အကြာမှာ ထုတ်ပယ်ခံခဲ့ရတဲ့ အလီဂရီနေရာကို မော့တာက ဝင်ရောက်ခဲ့တာပါ။

မော့တာဟာ ပြီးခဲ့တဲ့ရာသီက ဘိုလော့ဂ်နာအသင်းကို စီးရီးအေ အဆင့်(၅)နေရာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။

“ဂျူဗင်တပ်စ်လို ကြီးကျယ်ခမ်းနားတဲ့ ကလပ်အသင်းကြီးမှာ အခန်းကဏ္ဍသစ်ကို စတင်ရမှာမို့ ကျနော် တကယ်ကို ပျော်ရွှင်မိပါတယ်။”လို့ မော့တာက ပြောပါတယ်။

“ဂျူဗင်တပ်စ်အလံကို အမြင့်မှာ ပျံနေနိုင်အောင်နဲ့ ပရိသတ်တွေကို စိတ်ကျေနပ်အောင် လုပ်ပေးမယ့် ကျနော့်ရဲ့ ရည်မှန်းချက်ကို ယုံကြည်ပေးတဲ့ ပိုင်ရှင်တွေနဲ့ စီမံခန့်ခွဲသူတွေကို ကျေးဇူးတင်ပါတယ်။”

မော့တာဟာ ဘာစီလိုနာ၊ အက်သလက်တီကို၊ ဂျီနိုအာနဲ့ ပဲရစ်စိန့်ဂျာမိန်းတို့မှာလည်း ကစားခဲ့ပါတယ်။ သူဟာ ပီအက်စ်ဂျီရဲ့ လူငယ်အသင်းနဲ့ နည်းပြအဖြစ် မကူးပြောင်းခင် သူ့ရဲ့ ကစားသမားဘဝကို ပြင်သစ်ကလပ်မှာ အဆုံးသတ်ခဲ့ပါတယ်။

Ref; BBC