မဟာမြိုင်လမ်းပိတ်သဖြင့် ကလေးမြို့၌ လူသုံးကုန်များ ဈေးတက်

ကလေးမြို့ ၊တာဟန်းရပ်ကွက်ဈေးကိုမြင်ရစဥ်

ပါခွီး

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ကလေး-မုံရွာ လမ်းပိုင်းတခုဖြစ်သော မဟာမြိုင်လမ်းတွင် လမ်းပိတ်နေသဖြင့် ကလေးမြို့၌ ကုန်ဈေးနှုန်းများမြင့်တက်လျက်ရှိကြောင်း သိရသည်။

မဟာမြိုင်လမ်းသည် မန္တလေး၊ မုံရွာမြို့တို့နှင့် ကလေးမြို့ကိုဆက်သွယ်ထားသည့်လမ်းဖြစ်ပြီး ရက်သတ္တ နှစ်ပတ်ကျော် လမ်းပိတ်နေခြင်းကြောင့် ကုန်တင်ယာဥ်များမဝင်ရောက်သဖြင့် စားသောက်ကုန်များ ဈေးနှုန်းမြင့်တက်လာခြင်း ဖြစ်သည်။

“အခြေခံစားသောက်ကုန်တွေက နှစ်ဆနီးပါးလောက် တက်သွားတာ၊ စက်သုံးဆီတွေလည်း တက်တယ်။ ဒီဇယ်ဆို ဝယ်တောင်မရတော့ဘူး” ဟု ကလေးမြို့ခံက မဇ္စျိမကိုပြောသည်။

ဇွန်လ ၁၆ ရက်နေ့တွင် ကလေးမြို့၌ ဆန်အသစ်တအိတ် ၁၁၀,၀၀၀ ဖြစ်ပြီး တပြည်လျှင် ၅,၀၀၀ ကျပ်၊ ဆီ ၅၀ ကျပ်သားခန့်တဗူး ၆,၀၀၀ ကျပ်၊ ကြက်ဥတစ်လုံး ၅၀၀(အချို့အိမ်ဆိုင်များတွင် ၅၅၀)၊ ဂေါ်ဖီ ၂,၀၀၀ ၊ ဂေါ်ရခါးသီး ၂,၀၀၀၊ ပန်းဂေါ်ဖီ ၅,၀၀၀၊ ခရမ်းချဥ်သီး ၈,၀၀၀ ၊ ကြက်သွန်နီအလုံးသေးတပိဿာ ၃,၅၀၀ ကျပ်နှုန်း အသီးသီးဈေးပေါက်လျက်ရှိသည်။

အသားငါးဈေးမှာ လမ်းမပိတ်မီကထက် ၄,၀၀၀ မှ ၅,၀၀၀ ကျပ်ခန့်ဈေးမြင့်တက်သွားပြီး ဓာတ်ဆီတဂါလံ ၂၂,၀၀၀ ကျပ်နှင့် ဒီဇယ်ဆီ ဝယ်မရတော့ဟု ဆိုသည်။

လမ်းပိတ်ဆို့မှုနှင့်ပတ်သက်၍ စစ်ရေးအခြေအနေကြောင့် ယခုကဲ့သို့ လမ်းပိတ်ခြင်းဖြစ်ပြီး အသေးစိတ် အခြေအနေကို ထုတ်ဖော်မပြောရန်မဖြစ်နိုင်ကြောင်း ကလေးမြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြော သည်။

ကုန်ဈေးနှုန်းတက်သည့်ဒဏ်ခံနေရသည့် ကလေးမြို့ခံများအနေဖြင့် စစ်ကောင်စီတပ်က VPN စစ်ဆေး သည်ဟုဆိုကာ ယာဉ်မောင်းလိုင်စင်၊ ဘီးခွန်၊ ယာဉ်ပိုင်ဆိုင်မှုစာအုပ်တို့ကိုပါစစ်ဆေးပြီး အဓမ္မငွေတောင်း ခြင်းခံနေရကြောင်း သိရသည်။

စာတည်း။ ။စောဖေ