ရေစကြိုမြို့နယ် ချင်းတွင်းမြစ်ကြောင်းတွင် စစ်ရေယာဉ် ၂ စီးကို ဒေသကာကွယ်ရေးတပ် တိုက်ခိုက်

ရုပ်သံအညွှန်း- ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

၀၀၈

(မဇ္ဈိမ)။ ။ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ရေယာဉ် နှစ်စီးကို မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်ဖြူရှင်တံတားအကျော်တွင် ဇွန် ၂၁ရက်၊ နံနက် ၆နာရီ၌ စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံက သိရသည်။

ချင်းတွင်းမြစ်ရိုး တစ်လျှောက် ကျေးရွာများကို စစ်ကြောင်းထိုးမီးရှို့နေသည့် စစ်ကောင်စီတပ် အင်အား ၄၀ ကျော် နှင့် ဒေသခံများထံက သိမ်းဆည်းလာသည့် ပစ္စည်းများကို တင်ဆောင်လာသည့် ထိုစစ်ရေယာဥ်များကို လက်နက်ကြီး၊ လက်နက်ငယ်များနှင့် စောင့်ကြိုပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။

” ဒီမြစ်ရိုးတစ်လျှောက်ထင်တိုင်းကြဲနေတဲ့ စစ်ရေယာဉ်‌တွေပါ။ အထက်ကနေဆန်လာကတည်းက သတင်းရလို့ စောင့်နေတာ နှစ်ရက်ကြာတယ်။ အပြန်အလှန်ပစ်ကြတာ နာရီဝက်လောက်ကြာမယ်။ အထိအခိုက်တော့ရှိနိုင်တယ်။ အတတ်တော့ပြောလို့မရ‌ေသးဘူး။ “ဟု ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူကပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ရေစကြိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပခုက္ကူခရိုင် တပ်ရင်း အမှတ် (၉) တို့ပူပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး