အကျင့်ပျက်ခြစားမှုက တရုတ်စနစ်တွင် နက်ရှိုင်းစွာ အမြစ်တွယ်နေ

ပုံစာ – ဝူဟန်သံမဏိနှင့် သံလုပ်ငန်းဥက္ကဌ တန်ချီလင်းအား အာဏာအလွဲသုံးစားပြုမှုဖြင့် ကွမ်တုံပြည်နယ် တရားရုံးတွင် စစ်ဆေးနေစဉ်။

The Hongkong Post

တရုတ်က ကမ္ဘာ့စူပါပါဝါဖြစ်လာရန် အပြင်းအထန် ကြိုးပမ်းနေသော်လည်း ဗျူရိုကရေစီစနစ်၊ မူဝါဒပိုင်း၊ အရပ်ဘက်နှင့် ပုဂ္ဂလိကကဏ္ဍများတွင် အကြီးစားလာဘ်ပေးလာဘ်ယူမှုများ ရှိနေသည်။

ကွန်မြူနစ်အစိုးရက အရင်းအမြစ်များနှင့် ဘဏ္ဍာငွေများအပေါ် အပြည့်အဝထိန်းချုပ်ထားပြီး ဒေသဆိုင် ရာအရာရှိများ၏ သြဇာလွှမ်းမိုးမှုသည် နိုင်ငံအတွင်း အဂတိလိုက်စားမှု ဖြစ်ပေါ်စေသည့် အဓိက အကြောင်းရင်းများဖြစ်သည်။

တရုတ်ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌတဦးသည် လာဘ်ငွေအများအပြားကို လက်ခံခဲ့သည့်အတွက် ပြစ်တင်ဝေဖန် ခံခဲ့ရသည်။

ဖန်ယိဖေး အမည်ရသည့် ယင်းထိပ်တန်းအရာရှိက စင်ကာပူဒေါ်လာ ၇၂ ဒသမ ၅ သန်း လာဘ်ငွေယူခဲ့ ကြောင်း စွပ်စွဲခံထားရပြီး အာဏာအလွဲစားသုံးမှုပြုလုပ်ခဲ့သည်။

“ကျွန်တော်က ကြီးကျယ်တဲ့ စွမ်းအားကို ပိုင်ဆိုင်ချင်တယ်၊ တချိန်တည်းမှာပဲ ချမ်းသာချင်တယ်” ဟု နောက်ပိုင်းတွင် ၎င်းက ဝန်ခံခဲ့သည်။ ဖန်သည် နိုင်ငံကို အုပ်ချုပ်သော တရုတ်ကွန်မြူနစ်ပါတီ (CCP) ဝင် တဦးဖြစ်သည်။ ကာကွယ်ရေးဝန်ကြီး အပါအဝင် တရုတ်စစ်ဘက်အရာရှိများပင် အကျင့်ပျက်ခြ စားမှုများ ရှိနေသည်။

CCP အဖွဲ့ဝင် ငါးသန်းကျော်သည် အကျင့်ပျက်ခြစားမှု စွပ်စွဲချက်များနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး ခံခဲ့ရသည်။၎င်းတို့ထဲမှ ၁၁၀,၀၀၀ သည် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပြီး အများစုမှာ ငွေကြေးနှင့် လက်ဆောင်များရယူခဲ့ကြောင်း တွေ့ရှိခဲ့သည်။

လွန်ခဲ့သည့်လအနည်းငယ်က ပြည်နယ်ကော်မတီအတွင်းရေးမှူးလည်းဖြစ်သလို CCP ထိပ်တန်း အရာရှိ တဦးဖြစ်သော ဆန်းကျီဂန်သည် လာဘ်ပေးလာဘ်ယူမှုတွင် အပြစ်ရှိကြောင်း တွေ့ရှိခဲ့သည်။

အကျင့်ပျက်ခြစားမှုများသည် တရုတ်တွင် ဘုရင်ခေတ်ကတည်းက ပျံ့နှံ့ခဲ့ပြီး ယခုခေတ်တွင် အထူးသဖြင့် ၁၉၉၀ ပြည့်နှစ်များ ပြုပြင်ပြောင်းလဲမှုများနောက်ပိုင်းတွင် သိသိသာသာ များလာခဲ့သည်။

“လာဘ်ယူမှု” သည် အရာရှိများ၏ တရားဝင်လစာ၏ ၈၃ ရာခိုင်နှုန်းရှိခြင်းကြောင့် တရုတ်ဗျူရိုကရေစီ နှင့် အုပ်ချုပ်ရေးတွင် အကျင့်ပျက်ခြစားမှုမှာ အမြစ်တွယ်နေကြောင်း၊ မြို့ပြမြေယာစီးပွားရေးပညာရှင် ယုန်ဟန်တန်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်မှ စီးပွားရေးပညာရှင်ဟောင်း ဆန်းကျင်းဝေတို့က ပြောကြားခဲ့ သည်။

“မှတ်သားစရာကောင်းတာက ဒီကိန်းဂဏန်းတွေက ရာထူးကြီးလာတာနဲ့အမျှ သိသိသာသာတိုးလာ တာပါပဲ။ ဥပမာ အဆင့်နိမ့် အရပ်ဘက်ဝန်ထမ်းတွေရဲ့ တရားမ၀င်ဝင်ငွေက သူတို့တရားဝင်ဝင်ငွေရဲ့ ၂၇ ရာခိုင်နှုန်း ပဲရှိပေမဲ့။ အစိုးရဌာနခွဲအကြီးအကဲတွေဆို အချိုးက ၁၇၂ ရာခိုင်နှုန်းအထိ မြင့်တက်သွားပါ တယ်။ အစိုးရဌာနတခုမှ မြို့တော်ဝန်ရာထူးနဲ့ ညီမျှတဲ့ ညွှန်ကြားရေးမှူးချုပ်တဦးရဲ့ ဝင်ငွေက တရားဝင်ဝင်ငွေရဲ့ ၄၂၄ ရာခိုင်နှုန်းရှိပါတယ်” ဟု ၎င်းတို့က ရေးသားခဲ့သည်။

တရုတ်အမျိုးသားဘောလုံးအသင်းနည်းပြဟောင်း လီတေးသည် ယင်းရာထူးခန့်အပ်ခံရရေးအတွက် လာဘ်ပေးခဲ့ရသည်။ ယင်းသည် စနစ်၏ အစိတ်အပိုင်းကြောင်း ၎င်းက ထောက်ပြခဲ့သော်လည်း ၎င်း၏ အပြုအမူအတွက် တောင်းပန်ခဲ့သည်။

“အဲဒီအချိန်က ဘောလုံးလောကမှာ ကျင့်သုံးတဲ့ အလေ့အထတွေ ရှိပါတယ်” ဟု ၎င်းက ဆိုခဲ့သည်။ ရက်သတ္တပတ်အနည်းငယ်အကြာတွင် တရုတ်အမျိုးသားဘောလုံးအသင်း၏ အကြီးအကဲဖြစ်သူ ချန်ရှုယန်သည် လာဘ်ပေးလာဘ်ယူမှုတွင် အပြစ်ရှိကြောင်း ဝန်ခံခဲ့သည်။

တရုတ်တွင် စီးပွားရေးလုပ်ရန် ကြိုးပမ်းသည့် နိုင်ငံစုံကုမ္ပဏီများသည် ပုံစံအမျိုးမျိုးဖြင့် လာဘ်ပေးကြရ သည်။ တရုတ်တွင် စီးပွားရေးလုပ်ပိုင်ခွင့်ရရေးအတွက် တရုတ်အုပ်ချုပ်သူ အထက်တန်းလွှာများသည် JPMorgan အား ၎င်းတို့၏ သားသမီးများကို အလုပ်ခန့်ရန် တောင်းဆိုခဲ့သည်။

ယင်းအထက်တန်းစားကလေးငယ်များသည် ၎င်းတို့အား ခန့်အပ်ထားသည့် ရာထူးများအတွက် အရည်အချင်းမပြည့်မီကြောင်း အမေရိကန်လုံခြုံရေးနှင့် ကြီးကြပ်ရေးကော်မရှင်က တွေ့ရှိခဲ့သည်။

ဆေးရုံပေါင်း ၁၇၆ ခုကျော် ပိုင်ဆိုင်သည့် ပိုင်ရှင်များကို ၂၀၂၃ ခုနှစ်တွင် ဖမ်းဆီးခဲ့ခြင်းကြောင့် တရုတ် ကျန်းမာရေး စောင့်ရှောက်မှုတွင် လိမ်လည်မှုနှင့် အလွဲသုံးစားလုပ်မှုများရှိကြောင်း လူသိများခဲ့သည်။

လာဘ်ပေးလာဘ်ယူမှုဖြစ်သည့် တန်ဖိုးကြီးသော ညစာနှင့် လက်ဆောင်များကို နှစ်သက်သဖြင့် ဆရာဝန် များနှင့် ဆေးရုံများသည် တတ်နိုင်သည်ထက် ပိုမိုရယူခဲ့ကြောင်း ရှန်ဟိုင်းမှ ချုပ်ရိုးချုပ်စက်များ ထုတ်လုပ်သူ မိုက်ဝူက ပြောကြားခဲ့သည်။

တရုတ်ဆေးရုံများသည် စျေးကြီးသော စက်ကိရိယာများ ဝယ်ယူခြင်းနှင့် မလိုအပ်ဘဲ ဆေးဝါးကုသမှုများ လွန်ကဲစွာ ပြုလုပ်ရန် ညွန်ကြားခြင်းအတွက် လာဘ်လာဘများ ရရှိခဲ့ကြောင်း ဂျာမနီနိုင်ငံ ဘာလင် အခြေစိုက် တရုတ်လေ့လာမှုဆိုင်ရာ မာကာတာအင်စတီကျူ့ မှ ကျွမ်းကျင်သူ ဂျာရွန်လော်က ပြောကြား ခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က လွန်ခဲ့သော ဆယ်နှစ်ခန့်က အာဏာရလာချိန်တွင် တရုတ်တွင် အကျင့်ပျက် ခြစားမှုကို အမြစ်ပြတ်ချေမှုန်းရန် ကတိပြုခဲ့သော်လည်း အထူးသဖြင့် CCP အဖွဲ့ဝင်များကြားတွင် လာဘ်ယူမှုများ များလာခဲ့သည်။

ရှီ၏ လုပ်ရပ်များသည် ပြိုင်ဘက်များကိုဖိနှိပ်ရန် ရည်ရွယ်ပြီးနောက်ပိုင်း မှတ်ပုံတင်ထားသော အကျင့် ပျက် ခြစားမှုအမှုပေါင်း ၂၀၁၃ ခုနှစ်တွင် ၁၇၃,၁၈၆ မှု ရှိရာမှ ၂၀၂၃ ခုနှစ်တွင် ၆၂၆,၀၀၀ မှုသို့ တိုးလာသည်။

“လက်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုဟာ တစိတ်တပိုင်းအားဖြင့် သုတ်သင်ရှင်းလင်းမှု ဖြစ်ပြီး တစိတ်တပိုင်းအားဖြင့် ထိန်းချုပ်ဖို့အတွက် အားထုတ်မှုပါပဲ” ဟု စင်ကာပူနိုင်ငံမှ ပါမောက္ခနှင့် စာရေးဆရာ ယန်ယန်အန်က ပြောကြားခဲ့သည်။ တရုတ်တွင် အာဏာရှင်စနစ်မှ ဖြစ်ပေါ်လာသည့် အကျင့်ပျက်ခြစားမှု၏ သက်ရောက်မှုသည် နက်ရှိုင်းသည်ဟု သူမက ဆက်လက်ပြောသည်။

အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး စုံစမ်းစစ်ဆေးမှုများသည် အနည်းဆုံး အထက်တန်းလွှာအဆင့်တွင် ရွေးချယ်စစ်ဆေးခြင်းဖြစ်ကြောင်း ပင်ဆယ်ဗေးနီးယားတက္ကသိုလ်မှ အသုံးချ အသေးစား ဘောဂဗေဒပညာရှင် ဟန်မင်းဖန်က ပြောကြားခဲ့သည်။

ရှီ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုသည် တရုတ်တွင် ပထမဆုံးမဟုတ်ပေ။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုများသည် တရုတ်သမိုင်းတလျှောက် ထပ်တလဲလဲ ဖြစ်ပေါ်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“အစိုးရအဆင့်အသီးသီးက စျေးကွက်မှာ ဩဇာရှိတဲ့ တရုတ်နိုင်ငံရေး-စီးပွားရေးစနစ်က အရာရှိတွေအတွက် သူတို့ရဲ့ အာဏာကို ပုဂ္ဂလိကအကျိုးအမြတ်အတွက် အလွဲသုံးစားလုပ်ဖို့ ရေခံမြေခံပါပဲ။” ဟု ဘောဂဗေဒပညာရှင် ဟန်မင်းဖန်က ပြောကြားခဲ့သည်။