ဧရာဝတီမြစ်ရေ ကျဆင်းပြီးနောက် မြစ်ကြီးနားမြို့ မြင်ကွင်း

အဂမ်

မဇ္ဈိမ။ ။ ဧရာဝတီမြစ်ရေ ကြီးမှုကြောင့် မြစ်ကြီးနားမြို့အတွင်း မြစ်ရေဝင်ရောက်ရာမှ လက်ရှိ ဇူလိုင်လ ၂ ရက်တွင် ရေပြန်ကျသွားပြီဖြစ်သည်။

ဇူလိုင်လ ၁ ရက်တွင် မြစ်ကြီးနားမြို့ ဧရာဝတီမြစ် စိုးရိမ်ရေအမှတ်ထက် လေးပေအထိမြင့်တက်ခဲ့ပြီး မြို့ခံများသည် ယာယီ ရေဘေးရှောင် စခန်းများ၊ ဘုန်းကြီးကျောင်းများ၊ ဘုရားကျောင်းများနှင့် နီးစပ်ရာမိတ်ဆွေ နှင့် ဆွေမျိုးများထံတွင် ရွေ့ပြောင်းနေထိုင်ခဲ့ကြရသည်။