စစ်ပွဲများ၊ ပထဝီနိုင်ငံရေးပြဿနာများ၊ ရာသီဥတုဖောက်ပြန်မှုနှင့် ဆင်းရဲမွဲတေမှုများ ကြုံတွေ့နေရသော အချိန်မှာ အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းအားဖြင့်သာ ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု ကုလသမဂ္ဂ၏ ၂၀၂၄ ခုနှစ် နိုင်ငံတကာအမျိုးသမီးများနေ့ထုတ်ပြန်ချက်တွင်ပါရှိသည်။ ယခုနှစ်အတွက် ဆောင်ပုဒ်ဖြစ်သော Invest in Women, Accelerate Progress (အရှိန်အဟုန်နဲ့တိုးတက်ဖို့ အမျိုးသမီးများတွင် ရင်းနှီးမြုပ်နှံစို့) နှင့်အညီ အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနကကော မည်သို့ဆောင်ရွက်မှုများရှိနေပါသလဲ။ ဘတ်ဂျက်အကန့်အသတ်ကြီးသော တော်လှန်ရေးအစိုးရတရပ်အနေဖြင့် မည်သို့သော စိန်ခေါ်မှုများကြုံတွေ့နေရပါသလဲ စသည်တို့ကို ယခုတပတ် Women and Childrens’ Hour အစီအစဉ်တွင် ကြည့်ရှု့ရမှာဖြစ်သည်။
Related Posts
Women & Children’s Hours
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်၏ပစ်မှတ်တွင် ကလေးသူငယ်နှင့် အမျိုးသမီးများပါဝင်လေ့ရှိရာ အကာကွယ်ပေးနိုင်ရေး၊ ထောက်ပံ့ကူညီရေးကိစ္စရပ်များကို မဇ္ဈိမ၏ အသစ်ထုတ်လွှင့်လိုက်သော အစီအစဉ်တခုဖြစ်သည့် Women and Children’s Hours တွင် အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှ…