နိုင်ကျဥ်း ၅၀၀ ခန့်ရှိ ကျိုက်မရောထောင်မှ နိုင်ကျဉ်းအမျိုးသမီး ၃ ဦးသာ လွတ်ငြိမ်းပါ

ဂျူချန်း မဇ္ဈိမ။ ။ နိုင်ငံရေးအကျဉ်းသား ၅၀၀ ခန့်ရှိသော မွန်ပြည်နယ်၊ ကျိုက်မရောထောင်မှ နိုင်ငံရေးအကျဉ်းသားအမျိုးသမီးသုံးဦးသာ စစ်ကောင်စီ၏ လွတ်ငြိမ်းတွင်ပါဝင်လာကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။ စစ်ကောင်စီမှ ယနေ့ လွတ်ငြိမ်းပေးရာ၌ ကျိုက်မရောအကျဉ်းထောင်မှ စုစုပေါင်းအကျဉ်းသား ၂၀ ဦးလွတ်မြောက်လာခဲ့သည်ဟု…

NLD အစိုးရလက်ထက် ကချင်ဝန်ကြီး ၂ဦးနှင့် KBCဥက္ကဋ္ဌဟောင်း လွတ်ငြိမ်းဖြင့်ပြန်လွတ်

ဂျူချန်း၊အဂမ်မဇ္ဈိမ။ ။စစ်ကောင်စီ၏ ယနေ့လွတ်ငြိမ်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက် ကချင်ပြည်နယ်အစိုးရအဖွဲ့လူမှုရေးဝန်ကြီးဦးနေဝင်း၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဦးဇော်ဝင်းနှင့်အတူ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆန်ဆွန်တို့ ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံသတင်းရင်းမြစ်များကပြောသည်။မြစ်ကြီးနားအကျဉ်းထောင်၌ထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသားများအနက် ဦးနေဝင်း၊ ဦးဇော်ဝင်းနှင့် ဒေါက်တာခလမ်ဆန်ဆွန်တို့ ပြန်လည်လွတ်မြောက်လာခြင်းဟု NLD အစိုးရလက်ထက်ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့်နီးစပ်သူတဦးက ပြောသည်။၎င်းက ”…