နောင်ချိုနှင့်သိန္နီမြို့ကို မဟာမိတ်ပူးပေါင်းတပ်များ ထိန်းချုပ်ထား

009(လားရှိုး/မဇ္ဈိမ)။ ။ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ၁၀၂၇ စစ်ဆင်ရေးလေးရက်မြောက်နေ့ ယနေ့ အောက်တိုဘာ ၃၀ရက်တွင် စီးနင်းထိန်းချုပ်ထားပြီး အချက်အချာကျသော ဂုတ်တွင်းတံတားကိုလည်း သိမ်းပိုက်ထားကြောင်း သတင်းရရှိသည်။ စစ်ဆင်ရေးတတိယနေ့ (အောက်တိုဘာ ၂၉) နံနက်အစောပိုင်းတွင် နောင်ချိုမြို့နှင့်သုံးမိုင်ခန့်သာကွာဝေးသည့်…