ပြည်သူ့စစ်မှုထမ်းဥပဒေတွန်းပို့သည့် နိုင်ငံ့ လုပ်သားအင်အားပြိုဆင်းမှု

ရွှေနွယ် (မဇ္ဈိမ)။ ။  စစ်ကောင်စီ  အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ပြည်တွင်းက စီးပွားရေးလုပ်ငန်းတွေ၊ စက်ရုံ၊ အလုပ်ရုံတွေမှာ လုပ်သားအင်အားရှားပါးမှုပြဿနာကို ကြုံတွေ့နေရပြီဖြစ်တယ်လို့ လုပ်ငန်းရှင်တွေနဲ့အတူ အလုပ်သမားအရေးဆောင်ရွက်နေသူတွေထံကသိရပါတယ်။ ပြည်တွင်းက စက်ရုံ အလုပ်ရုံတွေမှာလုပ်ကိုင်နေတဲ့ အလုပ်သမားအများစုဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်ခွာသူတွေရှိသလို…