ပြည်သူ့စစ်မှုထမ်းဥပဒေတွန်းပို့သည့် နိုင်ငံ့ လုပ်သားအင်အားပြိုဆင်းမှု

ရွှေနွယ်

(မဇ္ဈိမ)။ ။  စစ်ကောင်စီ  အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ပြည်တွင်းက စီးပွားရေးလုပ်ငန်းတွေ၊ စက်ရုံ၊ အလုပ်ရုံတွေမှာ လုပ်သားအင်အားရှားပါးမှုပြဿနာကို ကြုံတွေ့နေရပြီဖြစ်တယ်လို့ လုပ်ငန်းရှင်တွေနဲ့အတူ အလုပ်သမားအရေးဆောင်ရွက်နေသူတွေထံကသိရပါတယ်။

ပြည်တွင်းက စက်ရုံ အလုပ်ရုံတွေမှာလုပ်ကိုင်နေတဲ့ အလုပ်သမားအများစုဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်ခွာသူတွေရှိသလို မိသားစုတွေရှိရာနေအိမ်တွေကိုပြန်ကြသူတွေလည်းရှိတဲ့အတွက် လုပ်သားအင်အားလျော့ပါးမှုကြုံတွေ့လာရနိုင်တယ်လို့ မြန်မာနိုင်ငံ အလင်းသစ်အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်မိုးစန္ဒာမြင့်က ပြောပါတယ်။

ဒီလို ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့အသက်အကျုံးဝင်တဲ့လူငယ်၊ လူရွယ်တွေ သာမကဘဲ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်အချို့ဟာလည်း ပြည်တွင်းမှာလုပ်သားအင်အားရှားပါးလာမှုနဲ့အတူ စီးပွားရေးယိုယွင်းလာမှုတွေကြောင့် ပြည်ပမှာ ပြောင်းရွှေ့အခြေချလုပ်ကိုင်ဖို့ ပြင်ဆင်လာကြတယ်လို့ ထိုင်းနိုင်ငံမှာရောက်ရှိနေပြီး ပြည်ပထွက်ခွာလိုသူ လုပ်ငန်းရှင်တွေကို ကူညီဆောင်ရွက် အကြံပေးနေတဲ့ စာရေးဆရာသွန်းနေစိုးကလည်း ပြောပါတယ်။

အချိန်တိုအတွင်းမှာ အရွယ်ကောင်းလူငယ်အများအပြား တိုင်းပြည်ကို စွန့်ခွာလို့ ပြည်ပနိုင်ငံတွေကို ထွက်ခွာလာတာဟာ ပြည်တွင်းမှာလုပ်သားအင်အား၊ လူအင်အားပြိုဆင်းလာတာဖြစ်တယ်လို့လည်းဆိုပါတယ်။
သတင်းအပြည့်အစုံကိုတော့ ရုပ်သံမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။

တင်ဆက်/တည်းဖြတ် − ရွှေနွယ်