စစ်ကြောင်းရန်ကြောက်လို့ ချင်းတွင်းမြစ်ကို ဖြတ်ကူးထွက်ပြေးကြရသူများ

ဂျူချန်း(မဇ္ဈိမ)။ ။ချင်းတွင်းမြစ်အရှေ့ဘက်ကမ်း ဘုတလင်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီက ဒီနေ့မနက်အစောပိုင်းမှာ စစ်ကြောင်းထိုးဝင်ရောက်လာလို့ ကျေးရွာခြောက်ရွာကဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရပါတယ်။ စစ်ဘေးရှောင်တွေဟာ ချင်းတွင်းမြစ်က်ို စက်လှေတွေနဲ့ဖြတ်ကူးထွက်ပြေးခဲ့ကြရပြီး စက်လှေတစီးဟာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် တိမ်းမှောက်ခဲ့ပါတယ်။ ရေထဲခုန်ဆင်းပြီး ၀ရုန်းသုန်းကား ကူးခတ်ထွက်ပြေးရသူတွေလည်း…