စစ်ကြောင်းရန်ကြောက်လို့ ချင်းတွင်းမြစ်ကို ဖြတ်ကူးထွက်ပြေးကြရသူများ

ဂျူချန်း(မဇ္ဈိမ)။ ။ချင်းတွင်းမြစ်အရှေ့ဘက်ကမ်း ဘုတလင်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီက ဒီနေ့မနက်အစောပိုင်းမှာ စစ်ကြောင်းထိုးဝင်ရောက်လာလို့ ကျေးရွာခြောက်ရွာကဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရပါတယ်။

စစ်ဘေးရှောင်တွေဟာ ချင်းတွင်းမြစ်က်ို စက်လှေတွေနဲ့ဖြတ်ကူးထွက်ပြေးခဲ့ကြရပြီး စက်လှေတစီးဟာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် တိမ်းမှောက်ခဲ့ပါတယ်။ ရေထဲခုန်ဆင်းပြီး ၀ရုန်းသုန်းကား ကူးခတ်ထွက်ပြေးရသူတွေလည်း ရှိပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေသလို ထွက်မပြေးနိုင်ဘဲ ပိတ်မိနေတဲ့ ဒေသခံအချို့ကိုလည်း ဖမ်းဆီးထားတယ်လို့ သတင်းရရှိပါတယ်။

ရိုက်ကူး – သူရ
တင်ဆက်/တည်းဖြတ် – ဂျူချန်း