အိန္ဒိယတက္ကသိုလ်များ ကမ္ဘာ့အဆင့် သတ်မှတ်ချက် မြင့်တက်လာ

အိန္ဒိယတက္ကသိုလ်များ ကမ္ဘာ့အဆင့် သတ်မှတ်ချက် မြင့်တက်လာ

အိန္ဒိယရှိ တက္ကသိုလ်များသည် Times Higher Education မှ ထုတ်ပြန်သော ကမ္ဘာ့တက္ကသိုလ် အဆင့် ၂၀၂၄ (World University Rankings 2024) တွင် အရှိန်အဟုန်ဖြင့် တိုးမြင့်လာခဲ့ပြီး အထူးသဖြင့် နိုင်ငံ၏ ထိပ်တန်း အဖွဲ့အစည်း ၅ ခု သည် ထူးခြားသော တိုးတက်မှုများကို ပြသနိုင်သည်။

Indian Institute of Science သည် ယခင်အဆင့် ၂၀၁-၂၅၀ ရှိရာမှ အဆင့် ၂၅၁-၃၀၀ သို့ မြင့်တက်လာသည်။ အလားတူ Anna University သည် ယခင် အဆင့် ၈၀၁-၁၀၀၀ အတွင်း ရှိရာမှ ယခုအခါ အဆင့် ၅၀၁ – ၆၀၀ သို့ တက်လာခဲ့သည်။ Aligarh Muslim University သည် ယခင်က ကမ္ဘာ့အဆင့် ၈၀၁-၁၀၀၀ အတွင်း ရှိရာမှ ၆၀၁-၈၀၀ သို့ မြင့်တက်လာကြောင်း Times Higher Education’s (THE) ၏ တရားဝင်ထုတ်ပြန်ချက် အရ သိရသည်။

Bharathiar University သည် ယခင်က အဆင့် ၈၀၁ – ၁၀၀၀ အတွင်း ရှိရာမှ ယခုအခါ ကမ္ဘာ့အဆင့် ၆၀၁ – ၈၀၀ သို့ မြင့် တက်ခြင်းအား ချီးကျူးဖွယ် ရာ တွေ့မြင်ရသည်။ ထို့ပြင် Malaviya National Institute of Technology သည် ကမ္ဘာ့ အဆင့်သတ်မှတ်ချက်တွင် ၆၀၁-၈၀၀ အတွင်းသို့ ပထမဆုံးအကြိမ်အဖြစ် ထူးထူးခြားခြား ရပ်တည်နိုင်ခဲ့ပြီး အိန္ဒိယအဆင့်မြင့် ပညာရေးအဖွဲ့အစည်းများ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အသိအမှတ်ပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၄ ခုနှစ်တွင် တက္ကသိုလ် အဆင့် သတ်မှတ်ချက်အတွင်းသို့ အိန္ဒိယ တက္ကသိုလ် အရေအတွက် သိသိသာသာ တိုးမြင့်ပါဝင်လာသဖြင့် ကမ္ဘာလုံးဆိုင်ရာ တက္ကသိုလ် အဆင့်တွင်လည်း သိသိသာသာ မြင့်တက်သွားသည်။ ယမန်နှစ် က အဆင့်မြင့် တက္ကသိုလ် ၇၅ ခုနှင့် ၂၀၂၀ ခုနှစ်တွင် ၅၆ ခုရှိရာမှ ယခုအခါ ၉၁ ခုအထိ ထူးထူးခြားခြား တိုးလာသည်။ အခြား နိုင်ငံများ မှ မယှဉ်နိုင်အောင် တက္ကသိုလ် အရေအတွက် ပါဝင်မှု တိုးလာသည်။ တက္ကသိုယ် အသစ် တည်ထောင်မှုတွင် ကမ္ဘာ့အဆင့် သတ်မှတ်ချက် ၆၀၁-၈၀၀ အတွင်း ရှိ၍ ချီးကျူးဖွယ် ကောင်းသော အနေအထားကို ရရှိထားသော နည်းပညာတက္ကသိုလ် မှာ Malaviya National Institute of Technology ဖြစ်သည်။

၂၀၂၄ ခုနှစ် အတွက် ကမ္ဘာ့တက္ကသိုလ် အဆင့် သတ်မှတ်ချက် (World University Rankings) သည် နည်းစနစ်ပိုင်း၌ သိသာထင်ရှားသော မြှင့်တင်မှုများ ပြုလုပ်ထားပြီး အကဲဖြတ်မှု အဆင့်များသည် ယခင်နှစ်များနှင့် မတူ ပိုမိုကျယ်ပြန့်၊ နက်နဲ၍ အသေးစိတ် အချက်အလက်များကို အဆင့်ဆင့် အကဲဖြတ် သောကြောင့် ဂုဏ်ယူဖွယ် ဖြစ်၍ ၎င်း၏ အဆင့်အတန်းကို ကမ္ဘာတစ်ဝှမ်းတွင် ယုံကြည်ရမှု နှင့် ခိုင်မာမှုလည်းရှိသည်။

ထည့်သွင်း အကဲဖြတ်သည့်အချက်များတွင် သင်ကြားရေး၊ သုတေသနအရည်အသွေး၊ သုတေသနပတ်ဝန်းကျင်၊ နိုင်ငံတကာအမြင်နှင့် လုပ်ငန်းလည်ပတ်မှု ကဏ္ဍ ဟူ၍ ကဏ္ဍ ၅ ခု ခွဲခြားထားပြီး စွမ်းဆောင်ရည်ညွှန်းကိန်း ကို ယခင်နှစ် ၁၃ ခုမှ ယခုနှစ် ၁၈ ခု အထိ တိုးမြှင့်ထားသည်။ ဆန်းစစ်မှု အသစ် ၄ ခု ထပ်တိုးထားပြီး ၃ ခုမှာ သုတေသနအရည်အသွေးကို အကဲဖြတ်ခြင်း ဖြစ်၍ စတုတ္ထအချက်မှာ နည်းပညာ လုပ်ငန်းလည်ပတ်မှု မဏ္ဍိုင်ရှိ မူပိုင်ခွင့်ဆိုင်ရာ လုပ်ဆောင်ချက်များကို အဓိက ထားကြောင်း ၎င်းက ပြောကြားသည်။

“အိန္ဒိယဟာ နိုင်ငံတကာအစီအစဉ်နဲ့ နိုင်ငံတကာပြိုင်ပွဲတွေကို ကောင်းကောင်းလက်ခံခဲ့တယ်။ ယခုနှစ်မှာ တခါမှမကြုံဖူးတဲ့ တက္ကသိုလ် ၉၁ ခုက တင်းကျပ်တဲ့ တိုင်းတာမှုတွေရှိတဲ့ Times Higher Education ရဲ့ ကမ္ဘာ့တက္ကသိုလ် အဆင့် သတ်မှတ်ချက် (World University Rankings) မှာ ရပ်တည်ပြီး အိန္ဒိယကို ကမ္ဘာ့ စတုတ္ထ အကောင်းဆုံးနိုင်ငံအဖြစ် သတ်မှတ်ပေးခဲ့တယ်။ ဒီအဖွဲ့အစည်းတွေက THE ရဲ့ ကြွယ်ဝပြီး နိုင်ငံတကာ စွမ်းဆောင်ရည် စံနှုန်းတွေကို ပိုမိုတိုးတက်ကောင်းမွန်စေပြီး ကမ္ဘာ့ဇာတ်ခုံပေါ်မှာ သူတို့ကိုယ်သူတို့ မှန်မှန်ကန်ကန် အသုံးချနိုင်တာကြောင့် အိန္ဒိယအတွက် သတင်းကောင်းပါပဲ” ဟု THE ၏ ကမ္ဘာ့ရေးရာအရာရှိချုပ် ဖေးလ် ဘက်တီ က ပြောကြားသည်။

ဗြိတိန်ရှိ အောက်စဖို့ဒ်တက္ကသိုလ် သည် ကမ္ဘာလုံးဆိုင်ရာ တက္ကသိုလ်အဆင့်တွင် ထိပ်ဆုံးမှ ရပ်တည်နေပြီး အမေရိကန် ပြည်ထောင်စုရှိ Stanford University က ဒုတိယ နှင့် Massachusetts Institute of Technology (MIT) တို့က တတိယနေရာတွင် ရပ်တည်လျက်ရှိသည်။

အာရှတွင် တက္ကသိုလ်ပေါင်း ၇၃၇ ခုဖြင့် ထွန်းလင်းတောက်ပနေပြီး သင်ကြားရေးနှင့် သုတေသန အရည်အသွေးတွင် သိသာထင်ရှားသော တိုးတက်မှုများကို ပြသနေသည်။ တရုတ်ပြည်မကြီးမှ တက္ကသိုလ် ၁ ခု အပါအဝင် အာရှတွင် ၈၉ ခုဖြင့် တက္ကသိုလ်အသစ် ၁၆၅ ခု ပါဝင်သည်။

တရုတ်ပြည်မကြီးသည် အာရှတက္ကသိုလ်များတွင် အဆင့်အမြင့်ဆုံး ထိပ်တန်းတက္ကသိုလ် ၂၀၀ တွင် ၃၃ ခု မှာ ထင်ရှားပြီး ကမ္ဘာ့ပညာရေး လောကတွင် ဒေသတွင်း၏ ကြီးထွားသော သြဇာလွှမ်းမိုးမှုကို ပြသနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။