စစ်အာဏာရှင်ဆန့်ကျင်ရေး ရွာပေါင်းစုံသပိတ် ဆက်လက်ချီတက် ဆန္ဒပြ

စစ်အာဏာရှင်ဆန့်ကျင်ရေး ရွာပေါင်းစုံသပိတ် ဆက်လက်ချီတက် ဆန္ဒပြ

ယနေ့ ချီတက်ဆန္ဒပြခဲ့သော ရွာပေါင်းစုံသပိတ်မြင်ကွင်း

ပါခွီး (မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများ စုပေါင်းထားသည့် ရွာပေါင်းစုံ သပိတ်ကော်မတီသည် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ပွဲကို အောက်တိုဘာလ ၁၆ ရက်ယနေ့တွင် ဆက်လက်ပြုလုပ်ခဲ့ကြသည်။

ယနေ့ချီတက်ပွဲတွင် အောက်တိုဘာလ ၉ ရက်နေ့က စစ်ကောင်စီတပ် တိုက်ခိုက်မှုကြောင့် လူ ၂၉ဦး သေဆုံးခဲ့သည့် ကချင်ပြည်နယ် ၊ လိုင်ဇာမြို့ ၊ မုန်လိုင်ခက် စစ်ဘေးရှောင် စခန်း ဖြစ်ရပ်အတွက် ဝမ်းနည်းရကြောင်း ပြသခဲ့ကြသည်။

ထို့ပြင် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်အောင်အထိတိုက်ထုတ်သွားမည်ဖြစ်ကြောင်းလည်း ရွာပေါင်း စုံသပိတ်ဦးဆောင်ကော်မတီက ထုတ်ပြန်ထားသည်။
လူထုသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြပြီး ကျဆုံးတော်လှန်ရေး ရဲဘော် များကို အလေးပြုခဲ့ကြသည်။
ယင်းမာပင်နှင့် ဆာလင်းကြီးကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်မှ စတင်ကာ စစ်အာဏာရှင် ကိုဆန့်ကျင်
ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

ယနေ့ဆန္ဒပြမှုသည် ရွာပေါင်းစုံ သပိတ် စစ်ကြောင်း၏ ရက်ပေါင်း ၉၃၇ ရက်မြောက် ဆန္ဒပြမှု ဖြစ်သည်။