နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၁ အောက်တိုဘာ၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ
မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ရပ်တန့်နိုင်ရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထိရောက်သော အရေးယူမှုများ ဆောင်ရွက်ရန် ပြည်သူများ မျှော်လင့်နေပြီး ကုလသမဂ္ဂအနေဖြင့် မြန်မာပြည်သူများအပေါ် တာဝန် မပျက်ကွက်သင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက်သည်။
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်အတွင်း စစ်ကောင်စီတပ်စွဲရာနေရာ နှစ်ခုကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရိုးမစစ်ကြောင်း(၂) အထူးကွန်မန်ဒို တပ်ရင်းက သတင်းထုတ်ပြန်သည်။
မွန်ပြည်နယ် တောင်ဘက်စွန်း ရေးမြို့နယ်ထဲမှာ မနေ့က စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ၂ နေရာ ဖြစ်ပွားရာ ၂ ဖက် ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ဒေါနစစ်ကြောင်းရဲ့ ဒီနေ့ထုတ်ပြန်ချက်အရသိရပါတယ်။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့တွင် စျေးလာဝယ်သော ရဲတစ်ဦးအား G3 သေနက်တစ် လက်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(ပကဖ)က သတင်းထုတ်ပြန်သည်။
တော်လှန်ရေး လှုပ်ရှားမှုများ
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအပါအဝင် စစ်ကောင်စီ တ​ပ်စွဲရာနေရာများအား မောင်းသူမဲ့လေယာဥ်ငယ်ဖြင့် သုံးရက်အတွင်း ခုနစ်ကြိမ် ထက်မနည်း ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် အားမာန်သစ်လူထုသပိတ်စစ်ကြောင်းဦးဆောင်၍ ဒေသခံ ပြည်သူများနှင့်အတူ ရဲဘော်မင်းမင်းထက် (ခ) ဖက်တီး ကျဆုံးခြင်း (၄)လပြည့်ဝမ်း နည်းခြင်း အထိမ်းအမှတ်အဖြစ် ယနေ့ (အောက်တိုဘာ ၂၁) နံနက်က ချီတက်ဆန္ဒပြခဲ့ကြသည်။
ထီးချိုင့်မြို့အဝင်ဆိုင်းဘုတ်အနီးတွင် ​အောက်တိုဘာ ၁၉ ရက်ညက တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ရှစ်ဦးသေဆုံးပြီး ရဲနှစ်ဦးကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက အရှင်ဖမ်း မိခဲ့သည်။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ဝပါရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ကျေးရွာ ၉ ရွာကျော်မှ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ မှ သိရသည်။
ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာ ၂၁ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ကြောင်း၊သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံ ကြောင်း ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန်ဘွေးရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Black Vote Fighter အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ကျေးရွာ နှစ်ရွာမှနေအိမ် ၇၀ခန့် မီးရှို့ဖျက်ဆီးခံရ၍ မီးငြှိမ်းသတ် သည့် ပြည်သူနှစ်ဦး သတ်ဖြတ်ခံရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ပခုက္ကူမြို့မှထွက်လာပြီး ပေါက်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်ဟန့်တား တိုက်ခိုက်မှုကြောင့် တစ်လနီးပါးကြာ ပိတ်မိနေခဲ့သော စစ်ကောင်စီတပ်ယာဉ်တန်းသည် ယခုအခါ ယော‌ဒေသနှင့် ချင်းပြည်နယ်ဘက်သို့ ဦးတည်ထွက်ခွာနေကြောင်းသိရသည်။
မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးနေ၍ ပြည်သူ ထောင်ချီ ထွက်ပြေးတိမ်း ရှောင်နေရကြောင်း သိရသည်။
တိုင်းရင်းသား လက်နက်ကိုင်များ
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ခြေကုပ်ယူထားသည့် အခြေ စိုက်စခန်း ၄ ခုကို CDF – Kanpetlet တပ်ဖွဲ့မှ စစ်ကြောင်း ၅ ကြောင်းခွဲကာ တပြိုင်တည်း စီးနင်း တိုက်ခိုက် ပစ်ခတ်ခဲ့ရာ အကြမ်းဖက်စစ်တပ်က ၂ ဦး သေဆုံးခဲ့ကြောင်း Chin Defense Force – Kanpetlet အဖွဲ့က ထုတ်ပြန်သည်။
စစ်တောင်းမြစ်အနောက်ခြမ်းက စစ်ရှောင်ပြည်သူများကို စားနပ်ရိက္ခာ ၊ ကျန်းမာရေး စောင့်‌‌ရှောက် မှုနှင့် သင်တန်းတွေ ပို့ချပေးခဲ့ကြောင်း KNU ဗဟိုထုတ်ပြန်သည်။
ကချင်ပြည်နယ် မိုးမောက်မြို့နယ် အောင်ဂျာရွာအနီးက အကြမ်းဖက်စစ်တပ်၏ အထိုင်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယမန်နေ့က သိမ်းပိုက်လိုက်ကြောင်း သိရသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနား- ဗန်းမော် ကားလမ်းပိုင်း၊ အောင်ဂျာကျေးရွာရှိ စစ်ကောင်စီတပ်၏ လက်ကျန်တပ်စခန်း နှစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ယနေ့ အောက်တိုဘာလ ၂၀ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KIA ပြန်ကြားရေးရုံးနှင့် နီးစပ်သည့် သတင်းရင်း မြစ်တဦးက မဇ္ဈိမကို အတည်ပြုသည်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရှိ တိုင်းရုံးနှင့် ဆီသိုလှောင် ရုံကို မောင်းသူမဲ့ လေယာဥ်ငယ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း KNDO တပ်ရင်း ၆ DRONE အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုချက်ကို ကိုးကား၍ ရန်ကုန်ခေတ်သစ်တွင် ဖော်ပြထားသည်။
စစ်ကောင်စီ
ဧရာဝတီတိုင်း ၊ဖျာပုံအကျဥ်းထောင်တွင် ဖမ်းဆီးခံထားရသည့် CDM ဝန်ထမ်းတဦးအပါအဝင် စုစုပေါင်း ခုနစ်ဦးကို ယမန်နေ့ အောက်တိုဘာလ ၂၀ ရက်က စစ်ကောင်စီမှ သေဒဏ်ချ မှတ် ခဲ့ကြောင်း နိုင်ငံရေးအကျဥ်းသားများ၏ မိသားစုဝင်များထံက သိရသည်။
ကချင်လွတ်‌ေမြာက်ရေးတပ်မတော် (KIA) ဝင်ရောက်တိုက်ခိုက်မှုကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီ တပ်စခန်း နှစ်ခုမှဆုတ်ခွာခဲ့ရကြောင်း စစ်ကောင်စီက ယမန်နေ့ အောက်တိုဘာလ ၂၀ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန် ဝန်ခံခဲ့သည်။
အာဏာသိမ်းစစ်ကောင်စီက မန္တလေးနန်းမြို့ကျုံးအတွင်း သီတင်းကျွတ်ပျော်ပွဲ၊ရွှင်ပွဲများ ပြုလုပ်ပြီး တိုင်းပြည်သာယာနေသယောင် ဝါဒဖြန့်ရန် စီစဥ်နေကြောင်း မြို့ခံများက ပြောသည်။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး သက်သက်ခိုင်သည် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ နှင့် ထိုင်းနိုင်ငံ အခြေစိုက် Best International Travel & Agency မှ အမှုဆောင်အရာရှိတို့ကို သီးခြားစီလက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပထမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ကျင်းပရာ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များလာရောက်ကြကြောင်း စစ်ကောင်စီဝါဒဖြန့် သတင်းစာတွင် ဖော်ပြထားသည်။
ဗိုလ်ချုပ်ကြီး မြထွန်းဦး ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ တတိယအကြိမ် ရပ်ဝန်းနှင့်ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (The Third Belt and Road Forum for International Cooperation) သို့ တက်ရောက်ပြီး ပြန်လည်ရောက်ရှိကြောင်း စစ်ကောင်စီဝါဒဖြန့် သတင်းစာတွင် ဖော်ပြထားသည်။
အောက်တိုဘာ ၂၁ ရက် သုံးသပ်ချက်
အကြမ်းဖက်စစ်တပ်သည် လေယာဉ်မပါလျှင် စစ်မတိုက်တတ်တော့ကြောင်း တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့များ ပြောသလိုပင် မြေပြင်တွင် စခန်းများတစ်ခုပြီးတစ်ခု ကျနေပြီး နှစ်နှစ်သား ကျော် မန္တလေးPDFဖြင့် တိုက်ပွဲမှာတောင် အသေများတပ်ပျက်နေသည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်များ လက်နက်ခဲယမ်း ယခုထက်ပိုမိုတပ်ဆင်နိုင်လျှင် စစ်ကောင်စီ ပိုအထိနာလာမည်ဖြစ်သည်။
ပွဲတော်ရာသီများနီးလာချိန်တွင် တိုင်းပြည်သာယာနေသယောင် စစ်ကောင်စီမှ ဝါဒဖြန့်ချိလို၍ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်လာမည်ဖြစ်ပြီး တစ်စုံတစ်ရာဖြစ်လာပါက တော်လှန်ရေးအဖွဲ့များကို အပြစ်ထိုးချနိုင်ဖွယ်ရှိသည်။