နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု ( ၂၄ဇန်နဝါရီ၂၀၂၄ ) 

အမျိုးသားညီညွတ်ရေးအစိုးရ 

  • စစ်အာဏာရှင်ကို တော်လှန်နေသည့် လက်နက်ကိုင်တော်လှန်ရေးတွင် စစ်ဘက်ဆိုင်ရာကျင့်ဝတ် စည်းကမ်းများ မချိုးဖောက်ကြရန် အမျိုးသား ညီညွတ် ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလ က သတိပေး တိုက်တွန်း ပြောဆိုသည်။ 
  • ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ မင်းလှ – စိန်ကန့်လန့်လမ်းပေါ်တွင် ပဲခူးခရိုင် တပ်ရင်း ၃၇၀၁၊ တပ်ခွဲ ၅(Dike – U Defence Force) ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်များက ဇန်နဝါရီလ ၂၃ရက်မှာ ရှောင်တခင်စစ်ဆေးမှု ပြုလုပ်နေစဥ် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ် ပွားခဲ့ကြောင်း Bago Region PDFက  ထုတ်ပြန်သည်။ 
  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့ နှင့် စစ်ကိုင်း/မကွေးပြည်သူ့လုံခြုံရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကို ဇန်နဝါရီ ၂၃ ရက် နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့ကြသည်။ 
  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းမှာရှိတဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲ အစည်းအဝေးကို ဇန်နဝါရီ ၂၃ ရက် မွန်းလွဲ ၁ နာရီမှာ ပြုလုပ်ခဲ့ကြသည်။ 
  • စစ်ကိုင်းတိုင်း၊မော်လူးမြို့မှ မြို့မဈေးမီးလောင်မှုသည် လျှပ်စစ်ဝါယာရှော့ကြောင့်ဟု ကနဦးသိရှိထားပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်နေသည်ဟု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် တဦးကပြောသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာအပါအဝင် ဒဘတ် ကျေးရွာ ဆမားလမ်းခွဲတို့တွင် ဆက်လက်တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ဝိုင်းမော်မြို့ ဒေသခံများက ဆိုသည်။ 
  • ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် ပူးပေါင်းတပ်တို့ သိမ်းပိုက်ထားသည့် စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးမြို့မဈေး မီးလောင်မှုတွင် ဆိုင်ခန်းပေါင်း ၂၀၀ ကျော် မီးလောင်ပျက်စီးသွားကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ဝင်တဦးထံမှ သိရသည်။ 
  • မန္တလေးတိုင်း၊ တံတားဦးမြို့နယ် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ကပ်လျက်ရှိသော စစ်ကောင်စီ၏ တံတားဦးလေတပ်စခန်းကို ဇန်နဝါရီလ ၂၃ ရက် ညနေ ၄ နာရီ ၄၉ မိနစ်ခန့်က ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar-BWM အဖွဲ့က သတင်းထုတ် ပြန်ထားသည်။  
  • တနင်္သာရီတိုင်း၊သရက်ချောင်းမြို့တွင်ယမန်နေ့ ဇန်နဝါရီ ၂၂ ရက်နေ့ကခရီးသည်တင်ကားတစီး ခေတ္တရပ်နားစဉ် လမ်းဘေး၌ အပေါ့ဆင်းစွန့်သည့် သံဃာတော်တပါး မိုင်းနင်းမိပြီးပေါက် ကွဲမှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။ 
  • စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သီးလုံးပျူရွာမှ ပျူစောထီးအဖွဲ့ဝင်တစ်ဦး လက်နက်နှင့်အတူ အလင်းဝင်လာ၍ ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ 
  • စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ရှိ ရေလည်မော်ကျေးရွာကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။ 
  • မွန်ပြည်နယ်၊ ရေးမြို့နယ် လင်းဦး စစ်တပ် စစ်ဆေးရေးဂိတ်မှ စစ်သား ၃ ဦး လိုက်ပါလာသော ကားကို လမ်းတွင် အသင့်ကြိုစောင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး လက်နက် ၃ လက်သိမ်းပိုက်ရရှိခဲ့ကြောင်း ရေးဘီးလူး အဖွဲ့ထံမှသိရသည်။ 
  • မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံအမတ် Alounkeo Kittikhoun နှင့် တရုတ်နိုင်ငံခြားရေး ဒုဝန်ကြီးတို့ မြန်မာအရေး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ချင်းအမျိုးသားတပ်မတော် (CAN) အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၅၂) သင်တန်းဆင်းပွဲကို စစ်ရေးပြ အခမ်းအနားဖြင့် ပြုလုပ်ခဲ့ကြောင်း Chinland Information Center ထံမှ သိရသည်။ 
  • ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ) CDF – Matupi က ဇန်နဝါရီလ ၂၃ ရက်နေ့ တွင် ထုတ်ပြန်သည်။ 
  • ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ နန့်မွန်းမြို့ရှိ ဌာနေပြည်သူ့စစ်စခန်းကို ကချင်လွတ် မြောက်ရေး တပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်ဖွဲ့က ယနေ့ ဇန်နဝါရီလ ၂၃ ရက် ညပိုင်းမှစတင်ကာ တိုက်ခိုက်နေကြောင်း နန့်မွန်းဒေသခံများက မဇ္ဈိမကို ပြောသည်။ 
  • ရက္ခိုင်ဒေသ၌ မြို့နယ်အချို့တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ကြား နှစ်ဖက်ရင်ဆိုင်တိုက် ပွဲများ ပြင်းထန်လျက်ရှိနေသကဲ့သို့ ရက္ခိုင်ဒေသတွင်း စစ်ပန်း၍ စစ်ရေးမယှဉ်နိုင်သည့် စစ်ကောင်စီ ဖက်မှ ရေကြောင်း၊ လေကြောင်းဖြင့် ရက်ဆက်အင်အားဖြည့်တင်းခြင်းတို့ မပြတ်လုပ်ဆောင်နေ သည့်အတွက် စစ်ဘောင်ကျယ်ပြန့်လာမည့်အသွင် ရှိနေကြောင်း ရက္ခိုင့်တပ်တော်(AA) ပါဝင်သည့် ညီနောင်မဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်သည်။ 
  • မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ စကခ ၈ ဌာနချုပ်စခန်းမှ စစ်ကောင်စီ တပ်သား ၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း KNU ဒူးသထူးခရိုင်က ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီ 

  • ဧရာဝတီတိုင်း၊ ဟင်္သာတမြို့တွင် ယနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက်ပိုင်းက အင်အား ၃၀၀ ဝန်းကျင်ခန့်ရှိသော နေ့စားဆန္ဒပြသူများပါဝင်သည့် စစ်တပ်ထောက်ခံပွဲပြုလုပ်ခဲ့သည်ဟု ဒေသခံနိုင်ငံရေးတက်ကြွလှုပ်ရှားသူများထံမှသိရသည်။ 
  • စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်း‌အောင်လှိုင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုဖွင့်လှစ်သည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး (၇)ထပ်ကုသဆောင်သစ် ဖွင့်ပွဲအခမ်း အနားသို့ တက်‌ရောက်ဂုဏ်ပြုဖွင့်လှစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။ 
  • ဓာတ်အားစနစ်တွင် System Break Down ဖြစ်ပါက အမြန်ဆုံးပြန်လည်ဓာတ်အားရရှိစေရေး ဆောင်ရွက်ရမည် လုပ်ငန်းစဉ်များကို အမြဲမပြတ်လေ့ကျင့်နေရမည်ဟု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ပြောသည်။ 
  • မြန်မာနိုင်ငံတွင် အွန်လိုင်းလိမ်လည်မှုသည် ၂၀၂၁ခုနှစ်မှ ၂၀၂၄ခုနှစ်အတွင်း အမှုပေါင်း ၄၈၂မှုရှိခဲ့ ကြောင်း နေပြည်တော်မှာပြုလုပ်ခဲ့သည့် ငွေကြေးလိမ်လည်မှုတားဆီးရေး အသိပညာပေး ဆွေးနွေးပွဲက သိရသည်။ 
  • လာမယ့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံတွင်ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲနှင့် ၂၀၂၆ ခုနှစ် ဂျပန်နိုင်ငံတွင်ကျင်းပမည့် အကြိမ်(၂၀)မြောက် အာရှအားကစားပြိုင်ပွဲများ၌ ကစားနည်းရော၊ ကစားသမား အင်အားပါ တိုးမြှင့်ယှဉ်ပြိုင်ရန်နှင့် အောင်မြင်မှုရရန်အတွက် စီမံချက်များရေးဆွဲပြီး ကြိုတင်ပြင်ဆင်ရမည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောသည်။ 
  • မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တို့ပူးပေါင်း၍ စီးပွား‌‌ရေးနှင့် လူ့အခွင့်အရေးဆိုင်ရာသိကောင်းစရာ ဟောပြောဆွေးနွေးပွဲကို ကုန်သည် စက်မှုအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ 
  • ဂျီ ၇၇ နှင့် တရုတ်အုပ်စု၏ ‘တတိယအကြိမ်မြောက် ကမ္ဘာ့တောင်ခြမ်းနိုင်ငံများ၏ ထိပ်သီးအစည်းအဝေး’ သို့ စစ်ကောင်စီ၏ အီဂျစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တက်ရောက်ခဲ့ကြောင်း သတင်းဖော်ပြ ထားသည်။ 

ဇန်နဝါရီ ၂၄ သုံးသပ်ချက် 

  • စစ်ကောင်စီမှ ဖွဲ့စည်းပေးထားသည့် လူ့အခွင့်အရေး ကော်မရှင်က လက်ရှိစစ်တပ်ကျူးလွန်နေသော  လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများကို မျက်ကွယ်ပြုကာ လူ့အခွင့်အရေးသိကောင်းစရာများ ဟောပြောနေသော်လည်း ပြည်သူလေးစားအားကိုးရသည့် အဖွဲ့အစည်းတစ်ခုဖြစ်မလာနိုင်ပေ။