မီဇိုရမ်ပြည်နယ်တွင် ချင်းစစ်ဘေးရှောင် ၉၀,၀၀၀ ဝန်းကျင်ရှိ

မီဇိုရမ်ပြည်နယ်တွင် ချင်းစစ်ဘေးရှောင် ၉၀,၀၀၀ ဝန်းကျင်ရှိ

မဇ္ဈိမ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ခရိုင် ခုနစ်ခုရှိ စစ်ဘေးရှောင်စခန်း ၄၇ ခုတွင် ချင်းပြည်နယ်မှ စစ်ဘေးရှောင်ဦးရေ ၉၀,၀၀၀ ဝန်းကျင်ရှိနေတယ် လို့ စာရင်းများအရသိရသည်။

စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် ဖွင့်လှစ်ထားရှိသည့် စစ်ဘေးရှောင် ဒုက္ခသည်စခန်းများတွင် အများစုမှာ သက်ကြီးရွယ်အို၊ မသန်စွမ်း၊ မိဘမဲ့ကလေးငယ်များ ဖြစ်ပြီး ၎င်းစစ်ဘေးရှောင်များကို သက်ဆိုင်ရာမြို့နယ် အလိုက်ကော်မတီများဖွဲ့စည်းပြီး ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်နေရကြောင်းလည်း သိရသည်။


‘’စစ်ဘေးရှောင်စခန်းတွေကိုရောက်တော့ အခက်အခဲတွေတော်တော်လေးတွေ့ခဲ့ရတယ်။ စစ်ဘေးရှောင်တွေက အလုပ်မလုပ်ဘဲ အကြာကြီးလည်းနေလို့မရဘူးလေ။ အလုပ်လုပ်မယ်ဆိုတော့လည်း ဒေသခံမီဇိုရမ်တွေနဲ့အပြိုင်အလုပ်လုပ်ရတယ်။ တချို့အဆင်မပြေတဲ့ဒေသခံ(မီဇိုရမ်)တွေက သူတို့အလုပ်တွေဝင်လုပြီးလုပ် တယ်လို့ မြင်နေကြတယ်။ ကျောင်းပညာရေးမှာဆိုရင်လည်း NUGလက်အောက်ခံကျောင်းတွေမှာ သင်ကြရတယ်။ အများစုကတော့ မီဇိုရမ်ကျောင်းတွေမှာ သင်စေချင်ကြတယ်။ အခုလက်ရှိမှာလည်း စစ်ဘေးရှောင်တွေစားသောက် နေရတယ်ဆိုတာ နိုင်ငံတကာမှာရှိတဲ့ချင်းအဖွဲ့အစည်းအသီးသီးကကူညီ ထောက်ပံ့လို့အဆင်ပြေနေတာ။ သူတို့တွေသာ မထောက်ပံ့ရင် တော်တော်လေးခက်ခဲကြမှာ။’’ဟု အဆိုပါစစ်ဘေးရှောင်စခန်းတွေကို သွားရောက်ခဲ့သည့် သူတဦးကဆိုသည်။


လက်ရှိ ၂၀၂၃ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့သည့်မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေစာရင်းအရ ချင်းပြည်နယ် လူဦးရေစာရင်းကို ၅၀၀,၀၀၀ ရှိကြောင်းထုတ်ပြန်ထားရှိသော်လည်း ဒေသခံကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်များ ထိတွေ့တိုက်ပွဲများကြောင့် ချင်းပြည်နယ်ပြင်ပသို့ ထွက်ပြေးတိမ်းရှောင်နေသည့် ချင်းလူဦးရေ ၁၀၀,၀၀၀ ကျော်ရှိမည်ဟုလည်း စာရင်းများအရသိရသည်။


စာတည်း – သန့်ဇော်(သန်လျင်)