မြစ်ကြီးနားတွင် စစ်ကောင်စီလက်နက်ကြီးကျည်ထိမှန်ပြီး အရပ်သား ၂ ဦး သေဆုံး

လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည့် နေအိမ်

လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည့် နေအိမ်

အဂမ်

(မဇ္ဈိမ)။ ။ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် စစ်ကောင်စီတပ်က ရမ်းသန်းပစ်ခတ်သည့် လက်နက်ကြီး ကျည် လူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲပြီး အရပ်သားနှစ်ဦး ထိခိုက် သေဆုံးခဲ့ကြောင်း ဒေသခံ များထံမှ သိရသည်။

ယနေ့(မေလ ၁၈ ရက်)နံနက် အစောပိုင်းက မြစ်ကြီးနားမြို့အထွက်ရှိ စစ်ကောင်စီ၏ နမ့်ပေါင်လေတပ် စခန်းကို ကချင်လွတ်လပ်ရေးတပ်မ‌တော်(KIA)က လက်နက်ကြီးဖြင့် သုံးကြိမ်ထက်မနည်း ပစ်ခတ်တိုက် ခိုက်ခဲ့သည်။

ယင်းသို့ လေတပ်စခန်းပစ်ခတ်ခံရပြီးနောက်တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းရှိ ယခင် ခ.လ.ရ (၂၁) အထိုင်ချထားသော စစ်ကောင်စီတပ်က လက်နက်ကြီး ငါးလုံးထက်မနည်း ပြန်လည်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်ကပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များအနက်မှ တလုံးသည် ကျည်အ(ချို့ယွင်းမှု ဖြစ်ပွား)ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)နှင့် ကိုက် ၃၀၀ နီးပါးသာဝေးသည့် ပမ္မတီးစျေး (လီဆူ ကုန်းစျေး)အနီးရှိ နေအိမ်တလုံးပေါ် ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ဒေသခံနှစ်ဦး ထိခိုက်သေဆုံးခဲ့ရ ခြင်းဖြစ်သည

လက်နက်ကြီးကျပေါက်ကွဲမှုနှင့်ပတ်သက်ပြီး ထိခိုက်သေဆုံးမှု အချက်လက်အသေးစိတ်ကို မဇ္ဈိမကစုံစမ်း နေဆဲဖြစ်သည်။

ယနေ့ (မေလ ၁၈ ရက်)နံနက်အစောပိုင်းမှစပြီး ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့အထွက်ရှိ ခ.လ.ရ (၃၂၁) အပြင် ကဇူး၊ ဒဘတ်၊ ဆမ်ပိုင် အစရှိသည့် စစ်ကောင်စီတပ်စခန်း ၁၀ နေရာထက်မနည်းကို KIA ပူးပေါင်း တပ်ဖွဲ့ကထိုးစစ်ဆင်နေပြီး တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။

စာတည်း။ ။စောဖေ