ရွှေဘိုမြို့ စစ်ကောင်စီ စခန်းကို တိုက်ခိုက် ၊ ၃ ဦး သေ

008

မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အမှတ် (၅) ရပ်ကွက်တွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးကြောင်း သိရသည်။

မေ ၁၇ရက် နံနက် ၅နာရီ ၃၀မိနစ်၌ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Buffalo Soldiers Freedom Force ခေါင်းဆောင် ကိုကျွဲကြီးက မဇ္ဈိမကိုပြောသည်။

ရွှေဘိုမြို့ အမှတ်( ၈) လေ့ကျင့်ရေးတပ်မှအင်အား ၃၀ခန့်ဖြင့် အထိုင်ချတပ်စွဲထားပြီး ရွှေဘိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော တပ်ဖွဲ့ဖြစ်သည်ဟု ၎င်းကဆိုသည်။

” ထိတွေ့မှုက ၁၅ မိနစ်လောက် ရှိတယ်။ သုံးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်။စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်မှု‌တွေရှိပေမယ့် ကျွန်တော်တို့ ရဲဘော်‌တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်။” ဟု ကိုကျွဲကြီးက ပြောသည်။

ထိုတိုက်ခိုက်မှုကို BUFFAIO SOID Jers-Local PDFနှင့်တောကျီးကန်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည် ။

စာတည်း။ ။အောင်ကျော်ဖြိုး