ခမရ(၅၆၁)မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး CDM ပြုလုပ်လာ

ခမရ(၅၆၁)မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး CDM ပြုလုပ်လာ

ကိုရွှေမြိတ် (မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာ အခြေစိုက် ခမရ(၅၆၁)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး CDM ပြုလုပ်လာကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာအခြေစိုက် အမှတ်(၅၆၁)ခြေမြန်တပ်ရင်းမှ စစ်ကောင်စီတပ် သားနှစ်ဦးသည် အောက်တိုဘာလ ၃၁ ရက်နေ့က အဆိုပါတပ်ရင်းမှ ထွက်ပြေးလာခြင်းဖြစ်ပြီး နိုဝင်ဘာ လ ၁ ရက်နေ့တွင် တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တပ်ရင်း (၂) ၏ တပ်ခွဲ(၁) ပူးပေါင်းစစ်ကြောင်းထံ အလင်းဝင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“အခုနှစ်ယောက်ကတော့ လက်နက်တွေ ပါမလာဘူး၊ လူပဲ ထွက်ပြေးလာတာ။ CDM ကုတ်နံပတ်တွေရရှိ အောင် ပြည်သူ့ရင်ခွင်နဲ့ချိတ်ပေးဖို့ ပြင်ဆင်ထားတယ်”ဟု တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုစတားကပြောသည်။

CDM ပြုလုပ်လာသူများမှာ တပ်သားထွန်းလင်းပိုင်နှင့် တပ်သားထက်မြတ်သူတို့ဖြစ်ပြီး ကောင်းမွန်စွာ စောင့်ရှောက်ထားကာ ပြည်သူ့ရင်ခွင်နှင့်ချိတ်ဆက်၍ ၎င်းတို့၏ဆန္ဒအတိုင်း ‌ကူညီဆောင်ရွက်ပေးသွား ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

တနင်္သာရီတိုင်းအတွင်း အာဏာသိမ်းပြီးနောက် CDM ဝင်ရောက်လာသည့် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင် အရေအတွက်မှာ ထားဝယ်ခရိုင်တွင် ၉၈ ဦး၊ မြိတ်ခရိုင်တွင် ၁၁၀ ဦး၊ ကော့သောင်းခရိုင်တွင် ၂၉ ဦး၊ စုစုပေါင်း ၂၃၇ ဦး အထိရှိလာကြောင်းသိရပြီး တနင်္သာရီမြို့နယ်တွင် ၈၄ ဦးရှိပြီး မြို့နယ်ဖြစ်သည်။

စာတည်း။ ။စောဖေ