နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၃ နိုဝင်ဘာ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၃ နိုဝင်ဘာ၂၀၂၃) 

အမျိုးသားညီညွတ်ရေးအစိုးရ 

  • ရဲဘော်များကလည်း အရှေ့မှာ ရွပ်ရွပ်ချွံချွံ နှင့် အောင်ပွဲတွေရသည်ထိ တိုက်ရန် လိုအပ်သလို၊ ဝန်ကြီးများ ဝန်ကြီးရုံးများ ထမ်းဆောင်ရမည် တာဝန်များကို ကြိုးစားပြီးထမ်းဆောင်နေကြောင်း အမျိုးသား  ညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြောသည်။ 
  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များသည် ဒေသကာကွယ်ရေး တပ်ဖွဲ့များ (LDF)၊ မဟာမိတ် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ တနိုင်ငံလုံးမှာ ဟန်ချက်ညီ စစ်ဆင်ရေးများ (Coordinated Attacks) တွေ ဖော်ဆောင်နေကြောင်း ထုတ်ပြန်သည်။ 
  • KNU တပ်မဟာ ၆ နယ်မြေဖြစ်သည့် ကြာအင်းဆိပ်ကြီးမြို့နယ် ၊ ကျိုက်ဒုံမြို့နယ်ခွဲတွင် အကြမ်း ဖက် စစ်တပ်က အင်အား ၁၂၀ ပါ စစ်ကြောင်းနှင့် စစ်ကြောင်းထိုးလာသည့် အတွက် တိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်က ၂၈ ဦး သေကြောင်း ဒေါနစစ်ကြောင်းက သတင်းထုတ်ပြန်သည်။ 
  • အမေရိကန်ပြည်ထောင်စု ၊ ကနေဒါနိုင်ငံနှင့် ယူကေနိုင်ငံတို့က အကြမ်းဖက်စစ်တပ်နှင့် လက် အောက်ခံအဖွဲ့ အစည်းများ လက်နက်တင်သွင်းဖြန့်ဖြူးပေးနေသူများနှင့် ငွေကြေးထောက် ပံ့ နေသူများအပေါ် ဒဏ်ခတ် ပိတ် ဆို့မှုအသစ်များ ချမှတ်ခဲ့သည့် အပေါ် ကြိုဆိုကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ 
  • NUG က ဖွင့်လှစ်မည့် တက္ကသိုလ် ၁၆ ခုတွင် ပထမနှစ်ကျောင်းသား ဦးရေ ၈၅၀၀ ကျော် လက်ခံသွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။ 
  • အောက်တိုဘာ ၁ ရက်နေ့ကနေ ၂၆ ရက်နေ့အတွင်း စစ်ကောင်စီ တပ်ဖွဲ့များ၏ တိုက်ခိုက်သတ် ဖြတ်မှုများ ကြောင့် မြန်မာနိုင်ငံတစ်ဝန်းတွင် အမျိုးသမီး ၁၂ ဦး သေဆုံးခဲ့ပြီး ၁ဝ ဦး ဖမ်းဆီး ထောင်ချ ခံခဲ့ရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က အောက်တိုဘာ ၃၁ ရက်နေ့မှာ ထုတ်ပြန်လိုက်သည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ်တောင်ပိုင်းရှိ မင်းရွာရဲကင်းစခန်းကို ပူးပေါင်းတပ်ဖွဲ့များက ယနေ့ နံနက်အစောပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ဦး သေဆုံးပြီး ၁၀ဦးအရှင် ဖမ်းမိထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ပြန်ကြားရေးတာဝန်ခံကပြောသည်။ 
  • စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားသောဘုန်းကြီးကျောင်းနှင့် စာရင်း စစ်ချုပ် ရုံးတို့ကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်မှုပြုလုပ်သည်ဟု မြနန္ဒာစစ်ဆင်ရေး (မန္တလေး) ပြန်ကြားရေးဗျူရိုက ယမန်နေ့ နိုဝင်ဘာလ ၂ရက်တွင် သတင်းထုတ်ပြန်သည်။ 
  • စစ်ကိုင်းတိုင်း ၊ တမူးနှင့် ကလေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း လေးခုကို ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း PDF သတင်းအရင်းမြစ်များ ထံမှ သိရသည်။ 
  • စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေတာကြောင့် တိမ်းရှောင် နေရတဲ့ စစ်ဘေးရှောင် အရေအတွက် ၁ဝ,ဝဝဝ ကျော်ရှိလာပြီ လို့ စစ်ဘေးရှောင် ကူညီသူတွေက ပြောပါတယ်။ 
  • စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းက စစ်ရှောင်တွေမှာ ဆန်မစားနိုင်ဘဲ ဆန်ကွဲနှင့် ဆန်လတ် (ဆန်ထက်ပိုင်းကျိုး)လို အရာများကို အဓိကထား စားသောက်နေရအကြောင်း စစ်ရှောင် အမျိုးသမီးတဦးက ပြောသည်။ 
  • စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ် ရှိ စစ်ကောင်စီတပ်စွဲထားရာနေရာများကို ကာကွယ်ရေးပူးပေါင်း တပ်များက သိမ်းပိုက်ထားပြီး ရဲစခန်းတွင် ထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဥ်းသားများကို လွှတ်ပေးလိုက်နိုင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။ 
  • စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ လွှစင်ကုန်းကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများ နှင့် SNA ပူးပေါင်း တပ်စခန်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ပြီး ဝင်ရောက်တိုက်ခိုက် ခဲ့ကြောင်း HPDF – 124 တပ်ဖွဲ့ထံမှ သိရသည်။ 
  • စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ငှက်ပျောတိုင်းရွာနှင့် လျှော်ဖြူကုန်းရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှု ပြည်သူပိုင် နေအိမ် ၃၅ လုံး မီးလောင်ပြာကျခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ သိရသည်။ 
  • အာဏာသိမ်းစစ်ကောင်စီ၏ အရပ်သားများ၊ ကျောင်းသားကျောင်းသူများအပေါ်တွင် အကြမ်းဖက် သတ်ဖြတ်နေမှု ကျူးလွန်နေမှုများအကြောင်း နိုင်ငံတကာက သိရှိနိုင်ရန်အတွက် LGBTအလှမယ် တဦးက ကမ်းပိန်းတခုပြုလုပ်ခဲ့သည်။ 
  • စစ်ကောင်စီလက်အောက်ခံ တပ်သားများနှင့် ဝန်ထမ်းများအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များ၊ ပြည်သူများနှင့် အမြန်ဆုံးဆက်သွယ်ပူးပေါင်းကြရန် ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့ လွတ်မြောက်ရေးတပ်ဦး(ကလလတ)က ယမန်နေ့ နိုဝင်ဘာလ ၂ ရက်နေ့တွင် ထုတ်ပြန်သည်။ 
  • တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဆေးဝါးနှင့်ရိက္ခာ ဝယ်ယူရန် အတွက် နိုဝင်ဘာ ၃ရက်၊ နံနက် ၁၁နာရီက ငွေကျပ် ၅၀၀,၀၀၀ ထောက်ပံ့ပေးခဲ့ကြောင်း သံဃ သမဂ္ဂ(မန္တလေး) ဦးဆောင်ဆရာတော်က မဇ္ဈိမကို မိန့်သည်။ 
  • မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်း မိုင်းဆွဲခံရပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားသောကြောင့် စစ်တပ်က စီလောင်ရွာရှိ စီးနင်းပြီး အဖွားအို ၁ ဦးကို မီးရှို့သတ်ဖြတ်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြိုင်ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 
  • မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲကင်းစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်လိုက်ပြီး စခန်းရှိ ရဲနှင့် စစ်သားများအားလုံးသေဆုံးကြောင်း ABSDF နှင့် တော်လှန်ရေးသတင်းရင်းမြစ်များ ကပြောသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • မြောက်ပိုင်း ညီနောင် မဟာမိတ် (၃) ဖွဲ့ ဦးဆောင်ပြီး ဖော်ဆောင်နေသည့် ” ၁၀၂၇ စစ်ဆင်ရေး “တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏တပ်ရင်းအမှတ် (၆၀၆) က ပူးပေါင်းပါဝင်ကာ စခန်းသိမ်းတိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်နေကြောင်း KNDFက အသိပေးထုတ်ပြန်သည်။ 
  • တအောင်းပြည်နယ် ၊ တပ်မဟာ (၁)စစ်ဒေသ နမ့်ခမ်းမြို့နှင့် မန့်ဝိန်းကြီးကြား ဆက်သွယ်ထားသည့် ရွှေလီကြိုးတံတားက အကြမ်းဖက်စစ်တပ်၏ စခန်းကို နံနက် ၆ နာရီ ၅၅ မိနစ်တွင် တိုက်ခိုက်သိမ်း ပိုက် နိုင်ခဲ့ကြောင်း  TNLA က သတင်းထုတ်ပြန်လိုက်သည်။ 
  • ယနေ့ နိုဝင်ဘာ ၃ ရက်နေ့ နံနက်အစောပိုင်းတွင် TNLA ဦးဆောင်သည့် မဟာမိတ်ပူးပေါင်းတပ်က တပ်စခန်းလေးခုကို သိမ်းပိုက်ရရှိခဲ့ပြီးနောက် နမ့်ခမ်းမြို့ပေါ်တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန် လျက်ရှိကြောင်း TNLA နှင့် နီးစပ်သူနှင့် ဒေသခံများထံက သိရသည်။ 
  • ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်ရှိရာ မူဆယ်ခရိုင် ကြူကုတ် (ပန်ဆိုင်း)မြို့ကို ကိုးကန့်တော်လှန်ရေးအဖွဲ့ဖြစ်သည့် မြန်မာအမျိုးသားဒီမိုက ရက်တစ်မဟာ မိတ်တပ်မတော် (MNDAA) က ယမန်နေ့ နိုဝင်ဘာလ ၂ တွင် ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။ 
  • ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသရှိ ရှမ်းထုတ်ကျိုင့်ရွာ တိုက်ပွဲတွင် စစ်ကား ၁ စီးအပြည့် လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့​ကြောင်း MNDAA ၏ သတင်းပြန်ကြားရေး The Kokang က ထုတ်ပြန်ထားသည်။ 
  • KIA နှင့် PDF တပ်ဖွဲ့၀င်များ စစ်ကောင်စီထံ လက်နက်နှင့်တကွ အလင်း၀င်သွားတာမျိုးမရှိကြောင်း ကချင်လွတ်မြောက်ရေးတပ် – KIA သတင်းနဲ့ပြန်ကြားရေးတာ၀န်ခံ ဗိုလ်မှူးကြီး နော်ဘူက မီဒီယာများတွင် ပြောဆိုထားသည်။ 

စစ်ကောင်စီ 

  • ထိုင်းရောက် အထောက်အထားမဲ့ မြန်မာလုပ်သားများ Certificate of Identity- CI ဖြင့် တရားဝင် နေထိုင်လုပ်ကိုင်ခွင့်ရရှိစေရေးအတွက် ဆွေးနွေးနေတယ်လို့အလုပ်သမား ဝန်ကြီးဌာနက ပြောသည်။ 
  • မန္တလေးမြို့က နန်းတော်အတွင်းရှိမနေဘဲ ပြင်ပမှာရှိနေတဲ့ရှေး မြန်မာဘုရင့်အသုံးအ ဆောင်ပစ္စည်း များ ကို နန်းတော်တွင်းမှာပဲခင်းကျင်းပြသနိုင်ဖို့ အများပြည်သူတွေထံ အလှူခံနေသည့် အသိပေး ကြေညာချက်ကို ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန (MORAC)ကယနေ့ ထုတ်နိုင်ငံပိုင်သတင်းစာကတစ်ဆင့် ထုတ်ပြန်ထားသည်။ 
  • မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်လာစေရေးအတွက် တရုတ်နိုင်ငံအနေဖြင့် ကူညီပေးသွားမည်ဟု တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်ဒုဥက္ကဌ ဗိုလ်ချုပ်ကြီး ကျန်းယိုရှားက ပြောဆိုခဲ့ကြောင်း စစ်ကောင်စီမီဒီယာများတွင် ဖော်ပြထားသည်။ 
  • မြောက်ပိုင်း ၃ ဖွဲ့နဲ့ KIA ကို ပြန်လည် ချေမှုန်းမှုတွေ လုပ်သွားမည်ဟု အကြမ်းဖက်စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ 
  • KIA၊ PDF အဖွဲ့ဝင် ၁၀ ဦး အလင်းဝင်ကြောင်း စစ်ကောင်စီ ဝါဒဖြန့် မြဝတီသတင်းစာတွင် ပျောက်ကြားဝတ်စုံဝတ် မျက်နှာဝါးထားသည့် လူများပုံများထည့်သွင်းကာ သတင်းဖော်ပြ ထားသည်။ 

နိုဝင်ဘာ ၃ ရက် သုံးသပ်ချက် 

  •  စစ်ခေါင်းဆောင်မင်းအောင်လှိုင်က KIA ကို အမြတ်ပြတ်ချေမှုန်းမည်ဟု လေကျယ်နေသလို စစ်တပ် ဝါဒဖြန့် သတင်းစာများတွင်လည်း KIA တပ်ဖွဲ့ဝင်များ အလင်းဝင်လာသည်ဟု လိမ်လည်နေ သည်ကို တွေ့ရသည်။မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်သည် ပြည်သူအပေါ် ရိုးသားမှုမရှိသလို လိမ်လည် ကောက်ကျစ်သည့် အဖွဲ့စည်းတစ်ခုဖြစ်နေသည်။ 
  • တော်လှန်ရေးအရှိန်မြင့်လာပြီး တစ်လှိုင်းပြီးတစ်လှိုင်းလာမည်ဟု ပြောဆိုထားသည့်အတိုင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့များသာမက PDF များကပါ ဘက်ပေါင်းစုံက အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်နေပြီး မြို့များရဲစခန်းများ စစ်တပ်စခန်းများကို သိမ်းပိုက်နေသည်ကို တွေ့ရသည်။