မုံရွာ-ချောင်းဦးလမ်းပိုင်း၌ စစ်ကောင်စီတပ်ဖွဲ့ ၂ ကြိမ် မိုင်းဆွဲခံရပြီး ၇ ဦးသေဆုံး ဟုဆို

မုံရွာ-ချောင်းဦးလမ်းပိုင်း၌ စစ်ကောင်စီတပ်ဖွဲ့ ၂ ကြိမ် မိုင်းဆွဲခံရပြီး ၇ ဦးသေဆုံး ဟုဆို

ပါခွီး မဇ္စျိမ။ ။စစ်ကိုင်းတိုင်း၊ မုံရွာ–ချောင်းဦးလမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ကို နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက် ခဲ့ရာ စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးခဲ့သည်ဟု မုံရွာခရိုင် အမှတ်(၁၁) People’s Defence Force – South Monywa က ယနေ့ နိုဝင်ဘာလ ၆ ရက်တွင် သတင်းထုတ်ပြန်သည်။

မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ အင်အား ၃၀ ခန့် ပါ မော်တော်ယာဥ်ကို နိုဝင်ဘာလ ၄ ရက် နံနက် ၉ နာရီ ၂၀ မိနစ်အချိန်က ပဒေသာမိုင်းနှစ်လုံးစီဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“နမခကထွက်လာကတည်းက သိရတာဗျ။ သူတို့(စစ်ကောင်စီတပ်ဖွဲ့)က စိတ်မထင်တဲ့နေရာတွေကို စက် လတ်နဲ့ ရမ်းသန်းပစ်ပြီးလာတာ၊ သေဆုံးစာရင်းကတော့ ကျနော်တို့ရဲ့ ခိုင်မာတဲ့ သတင်းရင်းမြစ်တွေဆီက ပြန်သိရတာပါ” ဟု PDF – South Monywa တာဝန်ခံ Daung Karyan က မဇ္စျိမ ကိုပြောသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့လိုက်ပါလာသည့်ကားမှာ ဘီးပွင့်ထွက်၍ ရပ်တန့်သွားပြီး ကားပေါ် မှ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

ယင်းနောက် စစ်ကောင်စီတပ်သားအချို့သည် ကားကိုထားခဲ့ကာ ခင်မွန်ဘက်စုံမွေးမြူရေးခြံ၌ စခန်းချနေ သော ၎င်းတို့တပ်ဖွဲ့များထံသွားရောက်ပူးပေါင်းခဲ့ပြီး ကားအား မုံရွာဘက်မှလာရောက်ဆွဲယူသွားကြောင်း ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံကပြောသည်။

ယင်းနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် နမခမှထွက်လာသော Jammer (ဆက်သွယ်ရေးလိုင်းဖြတ် တောက်သည့်စနစ်) တပ်ဆင်ထားသည့် ကားလေးနှစ်စီးနှင့် ကားအကြီးနှစ်စီးပါ စစ်ကောင်စီယာဥ်တန်း ကို မုံရွာ–ချောင်းဦးလမ်းပိုင်းတနေရာတွင် ပဒေသာမိုင်းသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ယာဥ်တန်း၏ နှစ်စီးမြောက်ကားအားထိမှန်ပြီး ကားပေါ်တွင်လိုက်ပါလာသည့် စစ်ကောင်စီတပ်သားများ အနက် နှစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း ခိုင်မာသောသတင်းပေးများထံမှ ပြန်လည် သိရှိရသည်ဟု ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်မှုများအပြီးတွင် စစ်ကောင်စီတပ်သားများက စက်လတ်အပါအဝင် လက်နက်ငယ်များ ဖြင့် ပြန်လည်ပစ်ခတ်သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိ ရသည်။

အဆိုပါတိုက်ခိုက်မှုများကို PDF – South Monywa တပ်ခွဲ(၁)၊ PDF – South Monywa တပ်ခွဲ(၃) Royal Alliance – တော်ဝင်မဟာမိတ်တပ်ဖွဲ့နှင့် One Way Revolution Force တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းမှစ၍ ချောင်းဦးမြို့၊ မြပုလဲစက်သုံးဆီဆိုင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးအင်အားစုက စခန်းသိမ်းတိုက်ခိုက်မှုပြုလုပ်စဥ် စစ်ကူလာသည့် စစ်ကောင်စီတပ်သားများကို Area 71 PDF Monywa တပ်ဖွဲ့နှင့် မဟာမိတ်များကလည်း မိုင်းပွိုင့် ကိုးခုဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ