နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသည့် မွတ်စ်လင်မ် ရဲဘော်များအတွက် ဝတ်ပြုဆုတောင်း

ကျဆုံးသွားသည့် မွတ်စ်လင်မ် ပြည်သူ့ကာကွယ်ရေး ရဲဘော်များကို ရည်ရွယ်ပြီး ဝတ်ပြုဆုတောင်းနေသည့် မြင်ကွင်း /(ပုံ- ခက်နွေ)

ကျဆုံးသွားသည့် မွတ်စ်လင်မ် ပြည်သူ့ကာကွယ်ရေး ရဲဘော်များကို ရည်ရွယ်ပြီး ဝတ်ပြုဆုတောင်းနေသည့် မြင်ကွင်း /(ပုံ- ခက်နွေ)

မောင်ခက်နွေ

(မဇ္ဈိမ) ။ ။ နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသည့် မွတ်စ်လင်မ် ရဲဘော်များ အတွက် ဝတ်ပြုဆုတောင်းခြင်းကို ယနေ့ ဒီဇင်ဘာလ ၂၉ ရက်တွင် ထိုင်း-မြန်မာ နယ်စပ် တနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။

ထိုပွဲကို Voice of Muslim Comrades-Myanmar အဖွဲ့က ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသည့် မွတ်စ်လင်မ် ပြည်သူ့ကာကွယ်ရေး ရဲဘော်များကို ရည်ရွယ်ပြီး ဝတ်ပြုဆုတောင်းခြင်း ဖြစ်ကြောင်း ပွဲကျင်းပသူက ပြောသည်။

လက်ရှိတွင် မွတ်စ်လင်မ် ပြည်သူ့ကာကွယ်ရေး ရဲဘော် ၈၀ ဦး ထိရှိနေပြီး မြေပြင်တွင် ပိုမိုများပြားနိုင်သည်ဟု သူက ဆက်လက်ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးချိန်က စတင်ကာ လက်ရှိအချိန်ထိ သေဆုံးသူစုစုပေါင်း ၄,၂၇၃ ဦးထိရှိပြီး အတည်ပြုရန်လိုအပ်နေသည့် သတ်ဖြတ်ခံရသူ ၇၀၀ ဝန်းကျင်ရှိသည်ဟု ဒီဇင်ဘာ ၂၉ ရက်နေ့ ညနေပိုင်းတွင် AAPP ကထုတ်ပြန်ထားသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး