ရှင်ကျန်းတွင် တရုတ်၏ မတရားအရေးဆိုမှုကို ပြန်လည်ပြင်ဆင်ရမည် 

ရှင်ကျန်းတွင် တရုတ်၏ မတရားအရေးဆိုမှုကို ပြန်လည်ပြင်ဆင်ရမည်

တရုတ်ကွန်မြူနစ်အစိုးရသည် လိမ်ညာမှုများနှင့် မှားယွင်းသော တောင်းဆိုမှုများကြောင့် လူသိများသည်။ ရှင်ကျန်း သို့မဟုတ် အရှေ့တာကစ္စတန်သည် ရှေးခေတ်ကတည်းက တရုတ်၏အစိတ်အပိုင်းဖြစ်သည်ဟု ဆိုခြင်းသည် ရယ်စရာကောင်းရုံသာမက သမိုင်းဝင်မြေပေါ်တွင် ပြောင်ပြောင်တင်းတင်း လိမ်ညာမှု တစ်ခုဖြစ်သည်။ ယင်းမှတ်တမ်းကို ပြန်ပြင်ဆင်ရမည်ဖြစ်သည်။ 

အရှေ့တာကစ္စတန်နှင့် နှစ်ပေါင်း ၂၀၀၀ ခန့် အဆက်အသွယ်ရှိခဲ့သော်လည်း၊ တရုတ်သည် ၁၉ ရာစု နှောင်းပိုင်း အထိ အရှေ့တာကစ္စတန်တွင် တိုက်ရိုက်အုပ်ချုပ်မှုကို မထူထောင်နိုင်ခဲ့ပေ။  

မင်းဆက်အမျိုးမျိုးတို့သည် ယင်းဒေသ၏ အစိတ်အပိုင်းအချို့ကို ခေတ္တသိမ်းပိုက်ခဲ့သဖြင့် အခွန်ပဏ္ဏာဆက် ဒေသများဖြစ်လာကာ ဒေသတွင်းနိုင်ငံရေးကို ကြိုးကိုင်ခြယ်လှယ်ခဲ့ကြသော်လည်း တရုတ်အင်ပါယာ အတွင်းသို့ အောင်မြင်စွာ ပေါင်းစည်းနိုင်ခဲ့ခြင်း မရှိပေ။  

၁၈၇၇ ခုနှစ်တွင် မန်ချူးချင်မင်းဆက်သည် အရှေ့တာကစ္စတန်ကို ကျူးကျော်ခဲ့သည်။ သိမ်းပိုက်ပြီးနောက် ၁၈၈၄ ခုနှစ်တွင် ချင်မင်းဆက်က မန်ဒရင်းဘာသာဖြင့် နယ်မြေသစ်ဟု အဓိပ္ပာယ်ရသော ရှင်ကျန်း ဟု အမည်ပေးခဲ့သည်။ 

ဟန်နှင့် ဟွေလူမျိုးများ (တရုတ်မွတ်ဆလင်များ) ကို နယ်မြေသစ်သို့ ခေါ်ဆောင်အခြေချနေထိုင်စေခဲ့သည်။ နှစ်ပေါင်း ၅၀ ခန့်ပြည်ပသိမ်းပိုက်ခြင်းကိုခံရပြီးနောက်၊ အရှေ့တာကစ္စတန် လူမျိုးများသည် လွတ်လပ်ရေး ပြန်လည်ရရှိပြီး ၁၉၃၃ ခုနှစ်နိုဝင်ဘာလ ၁၂ ရက်တွင် အရှေ့တာကစ္စတန် သမ္မတနိုင်ငံကိုကြေညာခဲ့သည်။  

ထိုအချိန်မှစ၍ အရှေ့တာကစ္စတန်လူမျိုးများသည် ယင်းသမိုင်းဝင်နေ့ကို မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးနေ့အဖြစ် ကျင်းပခဲ့ကြသည်။  

သို့သော် ဆိုဗီယက်နှင့် တရုတ်တို့၏ ကျူးကျော်မှုကြောင့် ၁၉၃၄ ခုနှစ် ဧပြီလ ၁၆ ရက်တွင် နိုင်ငံ၏ လွတ်လပ် ရေးဆုံးရှုံးခဲ့သည်။ ၁၉၄၄ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်တွင် လွတ်လပ်ရေးရခဲ့သော်လည်း ၅ နှစ်အကြာတွင် ကွန်မြူနစ်တရုတ်လက်သို့ ဆုံးရှုံးခဲ့ရပြန်သည်။ 

တရုတ်စစ်တပ် (PLA) သည် ၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁၂ ရက်တွင် အရှေ့တာကစ္စတန်သို့ ကျူးကျော် ဝင်ရောက်ခဲ့သည်။  

ဝီဂါနှင့် အခြားသော တူရကီနွယ်ဝင်လူမျိုးများသည် လွန်ခဲ့သည့် နှစ် ၇၀ အတွင်း ၎င်းတို့၏ တရားဝင် လွတ်လပ်ရေး ပြန်လည်ရရှိရေး တောင်းဆိုရင်း တရုတ်၏ တရားမဝင် သိမ်းပိုက်မှုအား တစိုက်မတ်မတ် ဆန့်ကျင်ခဲ့ကြသည်။ 

၂၀၁၅ ခုနှစ်စာရင်းအရ အရှေ့တာကစ္စတန်တွင် စုစုပေါင်း တူရကီနွယ်ဝင် လူဦးရေ ၁၃ ဒသမ ၅ သန်းရှိ ကြောင်း တရုတ်က ဆိုသည်။  

ရှီကျင့်ဖျင် အာဏာရလာပြီးနောက် အထူးသဖြင့် ၂၀၁၄ ခုနှစ်မှ စတင်ကာ တရုတ်သည် လူမျိုးတုံးသတ်ဖြတ်မှု များ ပြုလုပ်ခဲ့ပြီး ဝီဂါ၊ ကာဇက်၊ ကာဂျစ်နှင့် အခြားသော တူရကီနွယ်ဝင်လူမျိုး သန်းပေါင်းများစွာကို ချွေးတပ်စခန်းများ၊ အကျဉ်းထောင်များနှင့် အလုပ်ကြမ်းစခန်းများတွင် ချုပ်နှောင်ထားခဲ့သည်။ 

ဝီဂါ နှင့် အခြားသော တူရကီနွယ် ဝင်လူမျိုးအကျဉ်းသားများသည် အတင်းအကျပ် အယူဝါဒသွတ်သွင်း ခံရခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ မုဒိမ်းကျင့်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်ခြင်း၊ ကိုယ်တွင်းအ င်္ဂါများ ရယူခံရခြင်းတို့ အပါအဝင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများဖြင့် ကျူးလွန်ခံခဲ့ရ ကြောင်း လွတ်လပ်သောအခွင့်အရေးအဖွဲ့များနှင့် ကုလသမဂ္ဂက တွေ့ရှိခဲ့သည်။  

ကမ္ဘာတစ်ဝန်းရှိ အစိုးရအရာရှိများ၊ ပါလီမန်များ၊ ရှေ့နေများနှင့် လူ့အခွင့်အရေးအဖွဲ့များက ဝီဂါမွတ်စလင် များနှင့် အခြားလူနည်းစုများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ခဲ့သည့်အတွက် တရုတ်အား ရှုတ်ချခဲ့သည်။ 

ဝီဂါ နှင့် အခြားသော တူရကီနွယ် ဝင်လူမျိုးများသည် လွန်ခဲ့သည့် ဆယ်စုနှစ် ခုနစ်ခုအတွင်း ၎င်းတို့၏ တရားဝင် လွတ်လပ်ရေး ပြန်လည်ရရှိရန် တောင်းဆိုရင်း တရုတ်နိုင်ငံ၏ တရားမဝင် သိမ်းပိုက်မှုကို ဆက်လက် ဆန့်ကျင်ခဲ့ကြသည်။ 

သိမ်းပိုက်ခံထားရသောဒေသသည် အထူးသဖြင့် လူ့အခွင့်အရေးပြဿနာများ၊ လူမျိုးတုံးသတ်ဖြတ်မှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ဖိနှိပ်မှုများကြောင့် နိုင်ငံတကာ၏အာရုံစိုက်မှုကို ရခဲ့သည်။  

လူ့အခွင့်အရေးကောင်စီကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများတွင် နေရာများရရှိရန် တရုတ်၏ ဆက်လက် ကြိုးပမ်းမှုများသည် ယင်း၏ အကျိုးစီးပွားအတွက်သာဖြစ်ကြောင်း သတိပြုရန် အရေးကြီးပါသည်။ 

တရုတ်ပြည်သူများ၊ အရှေ့တာကစ္စတန်နှင့် တိဗက်လူမျိုးများအပေါ် ကြောက်ရွံ့ထိတ်လန့်ဖွယ် လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများနှင့်ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများ၏ စိစစ်မှုကို တရုတ်က မလိုလားပေ။  

တရုတ်ကွန်မြူနစ်ပါတီ( CCP )၏ရှုထောင့်မှ လူ့အခွင့်အရေးအဓိပ္ပာယ်များကို ပြန်လည်ဖွင့်ဆိုနေပြီး နိုင်ငံတကာအသိုက်အဝန်းအပေါ် ယင်းဖွင့်ဆိုချက်များကို ချမှတ်ခြင်း အပါအဝင် ယင်း၏ အကျိုးစီးပွား များအတွက် ကမ္ဘာလုံးဆိုင်ရာဖိုရမ်များကို အသုံးချရန် တရုတ်က ကြိုးပမ်းလျက်ရှိသည်။