တပ်သားသစ်စုဆောင်းရေးအတွက် တရုတ် အပြင်းအထန် ကြိုးပမ်းနေရ 

တပ်သားသစ်စုဆောင်းရေးအတွက် တရုတ် အပြင်းအထန် ကြိုးပမ်းနေရ

တရုတ်စစ်တပ်တွင် တပ်သားသစ်များစုဆောင်းရန် ပိုမိုကြိုးပမ်းနေသော်လည်း အဆင်မပြေဖြစ်နေကြောင်း အလုပ်ကြော်ငြာများက ဖော်ပြနေသည်။ 

တရုတ်၏ လိုရာသုံးအက်ပ်ပလီကေးရှင်းဖြစ်သည့် WeChat ၏ စစ်သားစုဆောင်းရေးကြော်ငြာများတွင် တရုတ်စစ်တပ်(PLA) တွင် တာဝန်ထမ်းဆောင်ရန် အရာရှိများနှင့် အုပ်ချုပ်ရေးရာထူးများအတွက် လူငယ်နှင့် လူလတ်ပိုင်းများကို ရှာဖွေနေပြီး အရပ်ဘက်ဝန်ထမ်းများထက် ပိုမိုကောင်းမွန်သောအ ခံစားခွင့်များကို မက်လုံးပေးထားသည်။ 

အိန္ဒိယနှင့် နယ်စပ်တွင် PLA စစ်သားများသည် နေရာထိုင်ခင်းမသာသော ဟိမဝန္တာပတ်ဝန်းကျင်တွင် တပ်စွဲ ထားစဉ် ဟော့ပေါ့စားခြင်းနှင့် ဗီဒီယိုဂိမ်းများ ကစားနေကြသည်ကို စစ်တပ်က ရိုက်ကူးထားသည်များကို နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။  

တာဝန်ထမ်းဆောင်ပါက ၎င်းတို့၏သားသမီးများ ပိုမိုဂရုစိုက်ခံရမည်ဖြစ်ကြောင်း မိဘများအား စိတ်ချစေရန်ဝါဒဖြန့်ဗီဒီယိုများတွင် ကြိုးပမ်းဖော်ပြထားသည်။  

ယခုအခါ တရုတ်စစ်တပ်နှင့် ချိတ်ဆက်ထားသော နိုင်ငံပိုင်မီဒီယာအကောင့်များက စစ်သား ပိုမိုစုဆောင်းနိုင် ရန်နှင့် ကလေးတစ်ဉီးတည်းသာရှိသည့် မိသားစုများကို စိတ်ချလက်ချဖြစ်စေရေးအတွက်  စစ်မှုထမ်းများ၏ ဘဝနှင့် ပတ်သက်သည့် နေ့စဉ်အကြောင်းအရာများကို ဖော်ပြပေးလျက်ရှိသည်။ 

တရုတ်တွင် လူသစ်များကို ဆွဲဆောင်ရန် ရုန်းကန်ရခြင်းမှာ အချက်နှစ်ချက်ကြောင့်ဖြစ်သည်။ တရုတ်တွင် နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့သည့် ကလေးတစ်ဦးမူဝါဒကို ယခုအခါ ဖျက်သိမ်းလိုက်သော်လည်း ၎င်းတို့၏ တစ်ဦးတည်းသောသားက တိုက်ပွဲဝင်ရနိုင်ခြင်းကြောင့် စစ်ထဲဝင်စေရန် မိဘများက မလိုလားကြောင်း စင်္ကာပူအက်စ်ရာဂျာရက်နမ်နိုင်ငံတကာလေ့လာရေးကျောင်းမှ လိုရိုဟော်တာ၏ သုတေသနအစီရင်ခံစာတွင် ဖော်ပြထားသည်။  

လစာကိစ္စက အခြားအချက်ဖြစ်ပြီး ပုဂ္ဂလိကကဏ္ဍမှ ပေးသော ရပိုင်ခွင့်များက နိုင်ငံတော်က ပေးသော မက်လုံးများထက် ပိုမိုဆွဲဆောင်မှုရှိခြင်းကြောင့်ဖြစ်ကြောင်း ဟော်တာက သုံးသပ်သည်။  

“ပင်စင်၊ ဆေးဘက်ဆိုင်ရာအာမခံ၊ လုပ်ငန်းခွင်အတွင်း ထိခိုက်မှု၊ အလုပ်လက်မဲ့အာမခံ၊ မီးဖွားစရိတ်နှင့် အိမ်ရာထောက်ပံ့ကြေးအပါအဝင် အာမခံ ၅ ခုနှင့် ရန်ပုံငွေ ၁ ခု ကို ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော် ကာကွယ်ရေးနည်းပညာတက္ကသိုလ်၊ ပြည်သူ့သုတေသနအင်စတီကျုမှ ကြော်ငြာတစ်ခုတွင် ဖော်ပြထာ းသည်။  

The PLA Air Force offers about $1,500 per month for professional and technical roles filled by individuals with an undergraduate degree, and around $1,640 per month to those with a graduate degree, a WeChat post said. 

PLA လေတပ်သည် ဘွဲ့ကြိုဒီဂရီရရှိသူများအတွက် အသက်မွေးဝမ်းကြောင်းနှင့် နည်းပညာဆိုင်ရာရာထူး များတွင် တာဝန်ထမ်းဆောင်ပါက တစ်လလျှင် ဒေါ်လာ ၁၅၀၀ ခန့်နှင့် ဘွဲ့ရရှိသူများအတွက် တစ်လလျှင် ဒေါ်လာ ၁၆၄၀ခန့် ပေးမည်ဖြစ်ကြောင်း WeChat ပို့စ်တစ်ခုက ဖော်ပြထားသည်။  

However, the PLA’s troubled recruitment of both active duty officers and civilians runs deep, according to available research. 

သို့သော်လည်း PLA တွင် တာဝန်ထမ်းဆောင်ရန် အမြဲတမ်း အရာရှိများနှင့် အရပ်သားများကို ခေါ်ယူရာတွင် အခက်အခဲများ ကြုံတွေ့နေရဆဲဖြစ်ကြောင်း သုတေသနပြုချက်များက ဖော်ပြနေသည်။