စစ်ကောင်စီတပ်သားများ လက်နက်ချအညံ့ခံခြင်းမရှိဟု လိမ်ညာနေသည့် ဗိုလ်ချုပ်ဇော်မင်းထွန်း

JC

(မဇ္ဈိမ)။။စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာ ၉ ရက် နေ့ညပြောကြားချက်မှာ ဘယ်စစ်ကောင်စီတပ်သားကမှ သူရဲဘောကြောင်ပြီး လက်နက်ချအညံ့ခြင်း မရှိ ဘူးလို့ ပြောခဲ့ပါတယ်။

“ဇော်မင်းထွန်းရုပ်သံ”
ဗိုလ်ချုပ်ဇော်မင်းထွန်းပြောတဲ့ ဘယ်စစ်ကောင်စီတပ်သားကမှ လက်နက်ချအညံ့ခံ ပူးပေါင်းတာမရှိဘူး ဆိုတဲ့အချက်နဲ့ပတ်သက်ပြီး မဇ္ဈိမကစိစစ်ခဲ့ရာမှာတော့ လက်တွေ့မြေပြင်နဲ့ကွဲလွဲပြီး မှားယွင်းနေတာကို သက်သေသာဓကများစွာနဲ့ မြင်တွေ့ပါတယ်။

မဇ္ဈိမမှာ နိုဝင်ဘာလ ၁၅ ရက်နေ့ကနေ ဒီဇင်ဘာ ၁၅ ရက်နေ့အထိ ဖော်ပြခဲ့တဲ့သတင်းတွေကနေ ကောက် ယူရရှိတဲ့စာရင်းတွေအရ တလအတွင်း လက်နက်ချ အညံ့ခံလာတဲ့ စစ်ကောင်စီတပ်သား ၃၄၇ ယောက် ရှိပါတယ်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် ” t.ly/AjFbz ” သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။