ရေးဘီလူးအဖွဲ့ခေါင်းဆောင် ကျဆုံးခြင်းမရှိ

JC

(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက်လှုပ်ရှားနေတဲ့ ရေးဘီလူးအဖွဲ့ခေါင်းဆောင် သေဆုံးသွားပြီဆိုတဲ့သတင်း ဓါတ်ပုံတပုံနဲ့အတူ ပျံ့နေပါတယ်။

မူရင်းဖြန့်ဝေသူကို မတွေ့ရပေမယ့် စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ သေဆုံးနေတဲ့ ကာကွယ်ရေးရဲဘော်တယောက်ရဲ့ ဓါတ်ပုံနဲ့အတူ “ရေးဘီလူး လုပ်ကြံခံရ” ဆိုပြီး မနေ့က အမည်မသိ လူသုံးယောက်ရဲ့ လက်ချက်နဲ့သေဆုံးသွားတာဖြစ်ကြောင်းနဲ့ သေဆုံးတဲ့သတင်းကို ဖုံးကွယ်ဖို့ ကြိုးစားပေမယ့် အလောင်းပုံက လူမှုကွန်ရက်မှာ ပျံ့နှံ့လာတာဖြစ်တယ်လို့ ရေးသားဖော်ပြနေကြပါတယ်။
ဒီအကြောင်းဟာ တယ်လီဂရမ်အပြင် ဖေ့စ်ဘုတ်မှာလည်း ပျံ့နှံ့နေပါပြီ။

ဒါနဲ့ပတ်သက်ပြီး မဇ္ဈိမက အချက်အလက်စစ်ဆေးခဲ့ပါတယ်။ ပျံ့နေတဲ့ဓါတ်ပုံဟာ ရေးဘီလူးအဖွဲ့ခေါင်းဆောင်ပုံမဟုတ်ဘဲ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့က စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ညောင်ဖြူပင်ရွာရဲစခန်း တိုက်ခိုက်မှုမှာ ကျဆုံးသွားခဲ့တဲ့ CDM စစ်သား Jade ရဲ့ ပုံဖြစ်ပါတယ်။ ဒီအကြောင်းကို Myanmar Now မှာ သတင်းဖော်ပြထားပါတယ်။ လင့် – t.ly/_Y6wO

မဇ္ဈိမကနေ ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကို ဧပြီလ ၂၄ ရက်နေ့ နေ့ခင်းပိုင်းမှာ ဆက်သွယ်မေးမြန်းခဲ့တာမှာ ဒီသေဆုံးမှုနဲ့ပတ်သက်ပြီး သူက ခုလို ပြောပါတယ်။
“ရုပ်သံလိုတဲ့အပိုင်းထည့်မည်”

ဒါကြောင့် ရေးဘီလူးအဖွဲ့ခေါင်းဆောင် သေဆုံးသွားပြီဆိုတဲ့သတင်းဟာ မှားယွင်းနေပြီး ပျံ့နေတဲ့ ဓါတ်ပုံဟာလည်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်နဲ့ ရုပ်ချင်းအနည်းငယ်ဆင်တူတဲ့ မုံရွာက CDM စစ်သား Jade သေဆုံးခဲ့တုန်းက ပုံကို အသုံးပြုထားတာပဲ ဖြစ်ကြောင်းပါရှင်။

သတင်းဖတ်ရှုသူတွေအနေနဲ့ သတင်းတုလို့ သံသယရှိရင်ဖြစ်ဖြစ် သတင်းတုကိုတွေ့ခဲ့ရင်ဖြစ်ဖြစ် မဇ္ဈိမကို အချက်အလက် စစ်ဆေးဖို့အတွက် ပေးပို့လို့ရပါတယ်။ ပေးပို့မယ်ဆိုရင်တော့ t.ly/AjFbz ဆိုတဲ့ လင့်ကို ရိုက်ထည့်ပြီး သတင်းလင့်နဲ့တကွ စစ်ဆေးချင်တဲ့ အကြောင်းအရာကိုဖြည့်စွက်ပေးပို့နိုင်ပါတယ်။