အီရန်ရှိ အမျိုးသမီး ဘောလုံးပရိသတ်များကို အမျိုးသားပွဲစဉ်အတွက် တီဟီရန်ကွင်းတွင်းသို့ ဝင်ခွင့်ပြုခဲ့

By PKThawn

လုံး၀ ဖယ်ထုတ်မှုနဲ့ နှောင့်ယှက်မှုတွေ ဆယ်စုနှစ်များနီးပါးကြာအပြီး အီရန်ရှိ အမျိုးသမီး ဘောလုံးပရိသတ်တွေဟာ အမျိုးသားပွဲစဉ်တွေကို အားကစားကွင်းတွေအတွင်း ကြည့်ရှုခွင့်ရလာမယ့် သူတို့တွေရဲ့ ရှည်လျားတဲ့ လှုပ်ရှားမှုအတွက် သေးငယ်တဲ့ အောင်မြင်မှုတရပ်ကို ကြာသပတေးနေ့မှာ ရရှိခဲ့ပါတယ်။

အီရန်နိုင်ငံရဲ့ ပွဲကြီးပွဲကောင်းတွေထဲက တပွဲဖြစ်တဲ့ Persepolis နဲ့ Esteghlal တို့ကစားခဲ့တဲ့ တီဟီရန်ရှိ Azadi ကွင်းအတွင်းက အမျိုးသမီးပရိသတ် သုံးဦးရဲ့ ဓာတ်ပုံတပုံကို ကမ်ပိန်းအဖွဲ့ Open Stadiums က ဆိုရှယ်မီဒီယာပေါ် တင်ခဲ့ပါတယ်။ အမျိုးသမီးတွေအတွက် လက်မှတ်စောင်ရေ ၃,၀၀၀ အထိ ရရှိနိုင်ဖို့ သတ်မှတ်ပေးထားခဲ့တာပါ။

“အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေအတွက် သမိုင်းဝင်နေ့ဖြစ်ပြီး အများသူငှာ နေရာတွေကို တန်းတူ အခွင့်ရေးရရှိရေးအတွက် ဆက်ပြီး တိုက်ပွဲဝင်သွားမှာပါ”လို့ တက်ကြွ လှုပ်ရှားသူအဖွဲ့က ရေးတင်ခဲ့ပါတယ်။

၁၉၇၉ အစ္စလာမ့်တော်လှန်ရေးနောက်ပိုင်း အမျိုးသမီးတွေဟာ အီရန်မှာ အမျိုးသားဘောလုံးပွဲတွေနဲ့ တခြားအားကစားပြိုင်ပွဲတွေကို တက်ရောက်ခြင်းမပြုဖို့ အဓိကတားမြစ်ထားခဲ့ပါတယ်။

မကြာသေးခင်နှစ်တွေအတွင်း အမျိုးသမီးတချို့ဟာ သီးသန့်ရွေးချယ်ပေးထားတဲ့ ပွဲစဉ်တွေကို ဝင်ရောက်ကြည့်ရှုခဲ့ကြရပေမယ့် လက်မှတ်ဝယ်ယူနိုင်တဲ့ ပရိသတ် အလွန်နည်းပါးပြီး စည်းကမ်းထိန်းသိမ်းရေး ရဲတပ်ဖွဲ့ရဲ့ နှောင့်ယှက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ Open Stadiums အဖွဲ့က ဆိုပါတယ်။

ဖီဖာဥက္ကဋ္ဌ ဂီယာနီ အင်ဖန်တီနိုက အလားတူ တီဟီရန်အားကစားကွင်းမှာ အမျိုးသမီးတချို့ကို ၂၀၁၈ အာရှချန်ပီယံလိဂ် တက်ရောက်ကြည့်ရှုခွင့်ရရေး တွန်းအားပေးအပါအဝင်ဖြစ်တဲ့ ကမ်ပိန်းမှာ သူ့ရဲ့အခန်းကဏ္ဍကို ကြာသပတေးနေ့နှောင်းပိုင်းက ကိုးကားဖော်ပြခဲ့ပါတယ်။ ၂၀၁၈ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီရန်ပရိသတ်တွေဟာ ဒီပြဿနာကို ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် လအတန်အကြာမှာ ဒီအောင်မြင်မှုဟာ ၂၀၁၈ အာရှချန်ပီယံလိဂ်မှာ ထွက်ပေါ်လာခဲ့ပါတယ်။

Ref; AP