နော်တင်ဟမ်ဖောရက်စ်အသင်း နူနိုကို မန်နေဂျာသစ်အဖြစ် ခန့်အပ်

AFP – နူနိုအက်စပီရီတို ဆန်တိုကို နော်တင်ဟမ်ဖောရက်စ်ရဲ့ မန်နေဂျာသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း ပရီးမီးယားလိဂ်ကလပ်က ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပါတယ်။

“နော်တင်ဟမ်ဖောရက်စ်အနေနဲ့ နူနိုအက်စပီရီတို ဆန်တိုကို ပထမအသင်းနည်းပြအဖြစ် ခန့်အပ်ခြင်းကို ဒီကနေ့ အတည်ပြုနိုင်ပါတယ်”လို့ ကလပ်ရဲ့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

“နူနိုဟာ နှစ်နှစ်ခွဲ စာချုပ်ဖြင့် ကလပ်ကို ရောက်ရှိလာပြီး စနေနေ့မှာ ဖောရက်စ်အသင်း ဘုန်းမောက်နဲ့ ရင်ဆိုင်ရမယ့် ပွဲကို သူ့ရဲ့ ပထမဆုံးပွဲအဖြစ် တာဝန်ယူမှာဖြစ်ပါတယ်။”

တန်းဆင်းဇုန်အထက် ငါးမှတ်အကွာမှာ ပရီးမီးယားလိဂ် ၁၃ ပွဲမှာ တပွဲသာအနိုင်ရရှိထားပြီးနောက် အင်္ဂါနေ့မှာ ပေါ်တူဂီလူမျိုးနည်းပြ စတိဗ် ကူးပါးကို ဖောရက်စ်က ထုတ်ပယ်ခဲ့ပါတယ်။ အသင်းက သူ့ရဲ့နေရာမှာ အသက် ၄၉ နှစ်အရွယ် ပေါ်တူဂီနည်းပြကို ခံအပ်ခဲ့တာပါ။

နူနိုဟာ နိုဝင်ဘာလက ဆော်ဒီပရိုလိဂ်ကလပ် အလ်-အီတီဟဒ်နဲ့ လမ်းခွဲခဲ့ပြီးနောက်ပိုင်း အသင်းလက်မဲ့ဖြစ်ခဲ့ပါတယ်။