ရုပ်သံဖိုင်အဟောင်းနဲ့ ဦးကျော်မိုးထွန်းက OIC ထံမှ အလှူငွေရယူထားတယ်ဆိုတဲ့ သတင်းအမှား

ZZ

(မဇ္ဈိမ)။ ။မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ် ဦးကျော်မိုးထွန်းဟာ ရိုဟင်ဂျာအရေး အကြောင်းပြပြီး အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC)ကနေ ဒေါ်လာ ၁၃၅ သန်း အထောက်အပံ့ ရယူခဲ့တယ်ဆိုတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ အဲဒါက ရုပ်သံဖိုင်ဟောင်းတခုဖြစ်ပြီး အကြောင်းအရာ လည်း မှားယွင်းနေပါတယ်။

Ka Ka Han တယ်လီဂရမ်ချန်နယ်က ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ “အကြမ်းဖက်အားပေး နီပိတ်တွေ ကြည့် ထားကြ”ဆိုပြီး ရုပ်သံဖိုင်တခုကို ဖြန့်ဝေထားပါတယ်။ ကုလသမဂ္ဂသံအမတ် ဦးကျော်မိုးထွန်းဟာ OIC နိုင်ငံတွေကနေ ထောက်ပံ့ငွေ ဒေါ်လာ ၁၃၅ သန်းရရင် ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ်သတ်မှတ်ပြီး မှတ်ပုံတင်ထုတ်ပေးလို့ ဆိုထားကြောင်း ရေးထားပါတယ်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် ” t.ly/AjFbz ” သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။