ကြံခင်းမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်

မင်းထက်

မဇ္စျိမ။ ။ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ ဒီဇင် ဘာလ ၃၁ ရက်နေ့ ညပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ်ကော်မတီအဖွဲ့မှ ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ခဲ့ကြသည်။

စကြဝတေးမင်းကြီး သပိတ်ကောင်မတီအဖွဲ့ဝင်အချို့က “ပြည်သူတို့၏ခုခံတွန်းလှန်စစ် မုချအောင်ရမည်”စာသားပါ ဘန်နာ(ဗီနိုင်း)အားကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဟု သပိတ်ကော်မတီဝင်တဦးက ပြောသည်။

စကြဝတေးမင်းကြီး သပိတ်အဖွဲ့သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များ စတင်ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် စကြဝတေးမင်းကြီး သပိတ်အဖွဲ့၏ (၁၅၅) ကြိမ်မြောက်ဆန္ဒထုတ်ဖော်မှုဖြစ်သည်။