စစ်ရဟတ်ယာဥ်ကို FN – 6 ပခုံးထမ်းဒုံးနဲ့ ပစ်ချတာလို့ KIA ပြော (ရုပ်/သံ)

စစ်ရဟတ်ယာဥ်ကို FN – 6 ပခုံးထမ်းဒုံးနဲ့ ပစ်ချတာလို့ KIA ပြော

စစ်ကောင်စီတပ်ရဲ့ ရဟတ်ယာဥ်ကို လေယာဥ်ပစ်လက်နက် အမျိုးအစားဖြစ်တဲ့ FN – 6 ပခုံးထမ်းဒုံးနဲ့ ပစ်ချလိုက်တာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဗဟို ထိပ်တန်းအရာရှိ တဦးက မဇ္ဈိမကို ပြောပါတယ်။

ဇန်နဝါရီလ ၃ ရက် မနက် ၁၁ နာရီ ၅၉ မိနစ် အချိန်လောက်မှာ လိုင်ဇာအနီးက နာဖော့စစ်တပ်စခန်းကို ရိက္ခာလာပို့တဲ့ စစ်တပ်ထောက်ပို့ရဟတ်ယာဉ် တစီးကို KIA က ပစ်ချလိုက်တာပါ။

ပစ်ချခံရတဲ့ ရဟတ်ယာဉ်ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးလိုက်ပါလာပြီး ခြောက်ဦးစလုံး သေဆုံးသွားပြီလို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက မဇ္ဈိမကို ဒီကနေ့ ဇန်နဝါရီ ၄ ရက်မနက်မှာ မဇ္ဈိမကို အတည်ပြု ပြောပါတယ်။

သတင်း- အဂမ်
တည်းဖြတ်/တင်ဆက်= ဂျူချန်း