စစ်မှုထမ်းဟောင်းတွေနဲ့ စစ်တပ်အင်အားပြန်လည်ဖြည့်တင်းမလား

မိုးသောက်

မဇ္ဈိမ။ ။ တပ်အင်အားပြုန်းတီးမှုတွေ နေ့စဉ်ဖြစ်နေတဲ့ စစ်ကောင်စီက စစ်မှုထမ်းဟောင်းတွေကို စစ်မှုပြန်ထမ်းစေတာတွေရှိလာနေတယ်လို့ သိရပါတယ်။

၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ ရက်စွဲနဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့နေတဲ့ စာတစောင်မှာတော့ အငြိမ်းစား ဗိုလ်ကြီးအောင်ချစ်မင်းကို အမှတ် (၂၆ )ခြေလျင်တပ်ရင်း(တောင်ငူ)သို့ တပ်ခွဲမှူး(ဗိုလ်ကြီး) အဖြစ်လည်းကောင်း၊ အငြိမ်းစားဗိုလ်ကြီးဘုန်းမြင့်အောင်ကို အမှတ်( ၁၉ )ခြေမြန်တပ်ရင်း(ဆွာ) သို့ တပ်ခွဲမှူး(ဗိုလ်ကြီး) အဖြစ် လည်းကောင်းပြန်လည် ခန့်ထားလိုက်တယ်လို့ တွေ့ရပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းဟောင်းတွေကို အငြိမ်းစားယူခဲ့တဲ့ မူလရာထူး၊ အဆင့်တွေနဲ့ စစ်တပ်ထဲမှာ တနှစ်အနည်းဆုံးတာဝန်ထမ်းဆောင်စေတဲ့ စနစ်ပြန်စနေပြီလို့ သတင်းတွေထွက်လာတာလည်းရှိပါတယ်။

ဥပဒေအရတော့ စစ်မှုထမ်းဟောင်းတွေက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးလုပ်ငန်းတွေမှာ စစ်တပ်ရဲ့ အရန်အင်အားအဖြစ်တာဝန်သိသိနဲ့ ပါဝင်ဆောင်ရွက်ကြဖို့ပြဌာန်းထားတာရှိပါတယ်။၂၀၁၇ခုနှစ်က မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့က ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ စစ်မှုထမ်းဟောင်းအဖွဲ့တွင် အရာရှိ ၁၀,၀၀၀ ကျော်၊ အခြားအဆင့် ၁၀၀,၀၀၀ ကျော်၊ မှီခိုသူ အရန်အဖွဲ့ဝင် ၁၄၀,၀၀၀ကျော်ခန့်ရှိတယ်လို့သိရပါတယ်။
တင်ဆက်၊ တည်းဖြတ်။ ။မိုးသောက်