ကုလသမဂ္ဂလုံခြုံရေး​ကောင်စီ၊ တရုတ်နှင့် လူ့အခွင့်အရေးကောင်စီတို့ ဘာဆွေးနွေးခဲ့ကြလဲ|Human Rights Barometer – Episode 37

ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် လူ့အခွင့်အရေးကောင်စီတို့တွင် မကြာသေးခင်က မြန်မာပြည်အရေးဆွေးနွေးမှုများပြုလုပ်သွားကြရာ မည်သို့သော ဆုံးဖြတ်ချက်များချနိုင်ခဲ့ကြပါသနည်း။ တရုတ်နိုင်ငံက မြန်မာနှင့်ပတ်သက်လို့ မည်သို့ရပ်တည်ပြောဆိုသွားခဲ့ပါသလဲ။ လူ့အခွင့်အရေးချိုးဖောက်နေသည့် စစ်ကောင်စီနှင့် လူပုဂ္ဂိုလ်များကို ကုလသမဂ္ဂမည်သို့ အရေးယူဆောင်ရွက်မှုများလုပ်လာနိုင်သနည်းဆိုသော ဆန်းစစ်ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် Human Rights Barometer အစီအစဉ်တွင် မေးမြန်းထားသည်။