ခင်ဦးတွင် စပါးရိတ်နေတဲ့ ပျူစောထီးများကို ဒရုန်းဖြင့်တိုက်ခိုက် ၄ ဦးသေဆုံးဟုဆို

MTO

(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် အနောက်ခြမ်း ပျဉ်ထောင်ရွာမှာ ပျူစောထီးများသည် ပြည်သူများစိုက်ပျိုး ထားသည့် စပါးများကို ရိတ်သိမ်းနေစဉ် ဒရုန်းဖြင့် ဗုံးသီးကျဲချတိုက်ခိုက်ခဲ့ရာ ပျူစောထီးအဖွဲ့ ဝင် ၄ ဦး သေဆုံးသွားကြောင်း Khin U Special Force Organization-KSOအဖွဲ့ က ဇန်နဝါရီလ ၈ ရက်နေ့ တွင် သတင်းထုတ်ပြန်သည်

ဇန်နဝါရီလ ၇ ရက်နေ့ နေ့လည်ပိုင်းတွင် စပါးများအား ရိက္ခာအဖြစ် စုဆောင်းရန်ရိတ်သိမ်းနေသည့် အချိန်တွင် ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KSO အဖွဲ့ က တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “ မီးလောင်ဗုံးသီးနဲ့ သူတို့ ရိတ်သိမ်းပြီးပုံထားတဲ့ စပါးပုံးကို ချတယ်အဲ့မှာသူတို့ကထွက်ပြေး တာ ကို အစာပါ တဲ့ ဗုံးသီးနဲ့ ထပ်ပြီး ချတာ ဒီမနက်မှာ ပျဉ်ထောင်ပျူရွာရဲ့ တောင်ပိုင်းမှာ ၄ လောင်း မြုပ်တယ် ၆ ဦးလောက်ဒဏ်ရာရတယ်လို့ အတွင်းသတင်းအရ သိရတယ်” ဟုပြောသည်။

ပျူစောထီးများရိတ်သိမ်း ပြီး ပုံထားသည့် စပါးပုံပေါ်သို့ မီးလောင်ဗုံးသီး ၆ လုံအထိ ကျဲချကာမီးရှို့ ဖျက် စီးနိုင်ခဲ့ကြောင်း KSO အဖွဲ့ တာဝန်ရှိသူက ဆိုသည်။

“ သူတို့က စပါးရိတ်ဖို့ ကြိုးစားနေတာ ပြီးခဲ့တဲ့လကတည်းက လုပ်နေတာ ခုနဲ့ ဆို ၄ ကြိမ်ရှိပြီ ကျတော် တို့က ၄ ကြိမ်စလုံး သွားပြီး ဟန့်တားနိုင်ခဲ့တယ် ။ အဓိက ကတော့သူတို့ကို ရိက္ခာဖြတ်တောက်နိုင်ဖို့ ပဲ “ ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပျဉ်ထောင်ပျူရွာမှ ထွက်ပြေးလာသည့် ပျူအဖွဲ့ ဝင် ၆ ဦး၏ ထွက်ဆိုချက်အရ ပျဉ်ထောင်ရွာအတွင် ရိက္ခာပြတ်လပ်နေပြီ ဖြစ်ပြီး ရိက္ခာရရန် ကြိုးပမ်းမှုအား တာဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း KSO အဖွဲ့ က ထုတ်ပြန်ာထးသည်။

ယခုတိုက်ခိုက်မှုကို Khin U Special Force Organization-KSO ၊ KURDAF ၊ ခင်ဦးမြို့နယ် ပကဖ ၊ Wolf Guerrilla Local PDF, YE .U ၊ ARF(KURDAF) အဖွဲ့ တို့ က ပူ.ပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း ထုတ်ပြန်ထားသည်။