၂၀၂၃ ခုနှစ်ရဲ့ အညာတော်လှန်ရေးကို အားရကျေနပ်မှု ရှိပါသလား

မဇ္ဈိမ

အညာဒေသလို့ ပြောလိုက်ရင် ဘောလုံးကွင်းလို ဖြစ်နေတဲ့ မီးလောင်ပြင် ကျေးရွာတွေနဲ့ အညာလူထုရဲ့ သောက၊ လူမှုရေး၊ စီးပွားရေး အခက်အခဲတွေကို ပြေးမြင်မိကြမှာပါတယ်။

ဒါပေမယ့် အညာသူ၊ အညာသားတွေရဲ့ ပြတ်သားတဲ့ တော်လှန်ရေး ခံယူစိတ်ကြောင့် ၂၀၂၃ ခုနှစ် နှောင်းပိုင်းမှာ မြို့သိမ်းတိုက်ပွဲတွေအထိ ဆင်နွှဲလာနိုင်ကြတာ တွေ့ရပါတယ်။ ဒါက ထူးခြားတဲ့ စစ်ရေးအရွှေ့တခုလို့ ဆိုရမှာပါ။

၂၀၂၃ ခုနှစ်ရဲ့ အညာတော်လှန်ရေးကို အားရကျေနပ်မှု ရှိသလားဆိုတာ အညာတော်လှန်ရေးသမားတွေရဲ့ ပြောစကားတွေကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

“ချစ်သောအညာမြေ” ရဲ့ ဆွေးနွေးခန်း အပြည့်အစုံကို ဒီနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့ ည ၇ နာရီမှာ Mizzima TV မှာ ထုတ်လွှင့်သွားမှာဖြစ်ပြီး တချိန်တည်းမှာပဲ Mizzima အွန်လိုင်း ပလက်ဖောင်းတွေမှာလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။