ဆော်ပေါ်လိုနည်းပြ ဒေါ်ရီဗယ်လ် ဂျူနီယာ ဘရာဇီးလ်အသင်းရဲ့ နည်းပြဖြစ်လာမည်ဟု ကလပ်အသင်း ပြော

ရှုံးပွဲဆက်များကြောင့် ဖာနန်ဒို ဒီနစ်ဇ် ဘရာဇီးလ်လက်ရွေးစင်အသင်းမှ ထုတ်ပယ်ခံရပြီးနောက် ဆော်ပေါ်လိုအသင်းနည်းပြ ဒေါ်ရီဗယ်လ် ဂျူနီယာဟာ ကမ္ဘာ့ချန်ပီယံငါးကြိမ်ရအသင်းရဲ့ နည်းပြသစ်ဖြစ်လာမည်ဟု ကလပ်အသင်းက တနင်္ဂနွေနေ့က ပြောပါတယ်။

“ဒါဟာ ကိုယ်ပိုင် အိပ်မက်တခု တကယ်ဖြစ်လာခဲ့တယ်”လို့ ၂၀၂၃ ဘရာဇီးလ်ဖလားရယူပေးထားသူ နည်းပြကြီးရဲ့ ပြောဆိုမှုကို ဆော်ပေါ်လိုအသင်းက X (ယခင် Twitter)မှာ တင်ခဲ့ပါတယ်။

ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ် (CBF) ကတော့ ဒီကြေညာချက်ကို ချက်ချင်းအတည်မပြုသေးပါဘူး။

အသက် ၆၁ နှစ် ဒေါ်ရီဗယ်လ်ဟာ ၂၀၂၂ မှာ ဖလာမင်ဂိုအသင်းကို အဓိကဆုဖလားနှစ်လုံးဖြစ်တဲ့ ဘရာဇီးလ်ဖလား၊ တောင်အမေရိကမှာ ဥရောပချန်ပီယံဂ်နဲ့ တန်းညီတဲ့ Copa Libertadores ဖလားတို့ကို ရယူပေးခဲ့ပါတယ်။ အဲဒီနောက် သူဟာ ဆော်ပေါ်လိုအသင်းကို ပြောင်းရွှေ့ကိုင်တွယ်ခဲ့ပြီး ဆုဖလားတွေကို ဆက်လက်ရယူပေးခဲ့ပါတယ်။

သူ့အနေနဲ့ ခက်ခဲတဲ့ အခိုက်အတန့်တခုကြုံတွေ့နေတဲ့ ဘောလုံးအင်အားကြီး ဘရာဇီးလ်ကို လွှဲပြောင်းကိုင်တွယ်ရမှာပါ။

ဘရာဇီးလ်အသင်းဟာ တောင်အမေရိကဇုန်ရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲဝင်နေတဲ့ ၁၀ သင်းရှိတဲ့အနက် အဆင့် ၆ နေရာမှာ ရောက်ရှိနေပါတယ်။