ခင်ဦးတွင် စစ်ကောင်စီက စစ်ကြောင်းထိုးလာ၍ ဒေသခံ ၅,၀၀၀ ခန့် ဘေးလွတ်ရာ ထွက်ပြေးရ

စစ်ကော့င်စီစစ်ကြောင်းကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးနေရသည့် ခင်ဦးမြို့နယ် ဒေသခံပြည်သူများကိုတွေ့ရစဥ် ( ပုံဟောင်း)

စစ်ကော့င်စီစစ်ကြောင်းကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးနေရသည့် ခင်ဦးမြို့နယ် ဒေသခံပြည်သူများကိုတွေ့ရစဥ် ( ပုံဟောင်း)

MTO

(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အနောက်ခြမ်းကို စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးလာ၍ အရပ်သား ၅,၀၀၀ ခန့် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသတွင်း ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့ ဇန်နဝါရီလ ၁၀ ရက် နံနက်ပိုင်းတွင် ခင်ဦးမြို့နယ်အနောက်ခြမ်းသို့ စစ် ကြောင်းဖြင့်ဝင်ရောက်လာခြင်းဖြစ်ကြောင်း People’s Defense Comrade အဖွဲ့တာဝန်ခံ ကိုထူးခန့်ဇော် ကပြောသည်။

“ ဒီနေ့မနက် ခင်ဦးမြို့ကနေ အနောက်ဘက်ခြမ်းရွာတွေဘက်ကို စစ်ကြောင်းထွက်လာပြီးတော့ ဗအိုးရွာ ဘက်ကနေ အင်တိုင်းကြီးရွာကို ပစ်ခတ်ဝင်ရောက်ထားတယ်။ အခုလက်ရှိ အင်တိုင်းကြီးရွာကနေ ပျဥ် ထောင် ပျူစောထီးရွာဘက် ဦးတည်သွားနေတာ။ ဒီနေ့ ဖမ်းဆီးခံရသူမရှိသေးသလို ဘယ်ရွာမှ မီးရှို့တာ မလုပ်သေးဘူး” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးလာမှုကြောင့် ခင်ဦးအနောက်ခြမ်းရှိ ကံသာယာ၊ ဗအိုး၊ အင်တိုင်းကြီး၊ ရွှေကူ၊ ကင်းပြစ်၊ သရက်ကုန်း၊ ရှင်မင်းဒွေ၊ မြစ်တော်၊ ဂွေးကုန်း၊ သာဂရ စသည့်ကျေးရွာများမှ ဒေသခံ ၅,၀၀၀ ဝန်းကျင် ဘေးလွတ်ရာကို တိမ်းရှောင်နေကြရကြောင်း ကိုထူးခန့်ဇော်က ဆိုသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်နေ့တွင် ရေဦးမြို့နယ်မှတဆင့် ခင်ဦးမြို့နယ်အတွင်းသို့ဝင်ရောက်လာပြီးနောက် မြင်းဒေါင်းကျေးရွာနှင့် အင်တိုင်းကျေးရွာမှ ဒေသခံ ၃၀ ခန့်ကို ဖမ်းဆီးစစ်ဆေးပြီးနောက် ဇန်နဝါရီလ ၆ ရက်နေ့တွင်ပြန်လွှတ်ပေးခဲ့ကာ ခင်ဦးမြို့ပေါ်သို့ ပြန်လည် ဝင်ရောက်သွားသည့် စစ်ကြောင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း။ ။စောဖေ