ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်း အာရှလမ်းမကြီးပိတ်ထားတဲ့နောက် ဘာတွေကြုံနေရလဲ

YT

(မဇ္ဈိမ)။ ။ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကထားအသုံးပြုရတဲ့ မြဝတီ- ကော့ကရိတ် အာရှလမ်းမကြီးကို သွားလာခွင့်ပိတ်ထားတာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး အခုနှစ်ဇန်နဝါရီလအထိ ထိတွေ့တိုက်ပွဲတွေရှိနေတဲ့အတွက် လက်ရှိအချိန်ထိ အာရှလမ်းမကြီးကို ပိတ်ထားတာဖြစ်ပါတယ်။

လက်ရှိ ကုန်တင်ယာဉ်တွေနဲ့ ခရီးသည်တင်ယာဉ်တွေဟာ မြဝတီ-ထို့ကော်ကိုးလမ်းပိုင်းကို အသုံးပြုနေကြတယ်လို့ ယာဉ်မောင်းတွေကပြောပါတယ်။

မြဝတီ-ထို့ကော်ကိုးလမ်းပိုင်းကိုအသုံးပြု သယ်ယူပို့ဆောင်ပေးနေတဲ့ ယာဉ်မောင်းတဦးက ကြုံတွေ့ရတဲ့အခြေအနေတွေကို ပြောပြပါတယ်။

သတင်း/ရုပ်သံတည်းဖြတ်-YT