“တရားဝင်မှုနဲ့ပတ်သက်ရင် အရင်းအမြစ်သုံးသွယ်ရှိတယ်”- `အီဂေါ ဗလာဇီဗစ်

စစ်ကောင်စီအနေဖြင့် တိုင်းပြည်ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ဖြစ်နိုင်ခြေအလွန်နည်းနေပြီဖြစ်သော်လည်း နိုင်ငံခြားအကူအညီဖြင့် သက်ဆိုးရှည်နိုင်သေးကြောင်းနှင့် တရားဝင်မှုအရင်းအမြစ်သုံးသွယ်ပေါင်းစပ်၍ စုပေါင်းသံရေးတမန်ရေးထိုးစစ်ကောင်းများဖြင့် တားဆီးဖို့လိုသည်ဟု ချက်နိုင်ငံ ပရာ့ဂ်ဟာမြို့တွင် အခြေစိုက်သော နိုင်ငံရေးသုတေသီ အီဂေါဗလာဇီဗစ်က ပြောသည်။

Legitimacy အရင်းအမြစ် သုံးသွယ်ရှိကာ NLD၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် နွေဦးတော်လှန်ရေးဦးဆောင်ကဏ္ဍတွင်ပါဝင်သူများဖြစ်သည်ဟု သူကဆိုသည်။