အညာတော်လှန်ရေးအင်အားစုများအကြား ဖောက်လွဲဖောက်ပြန်မှုများနှင့်ပတ်သက်၍ ဒေါက်တာတေဇာဆန်း ခေါင်းလောင်းထိုးသတိပေး (Exclusive Interview)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အောက်က ပအဖ၊ ပကဖ၊ ပလဖနဲ့ PDF များအပါအဝင် အညာက တော်လှန်ရေးအဖွဲ့အင်အားစုများ၏ ကျင့်ဝတ်စည်းကမ်းပိုင်းအားနည်းလျော့ရဲမှု၊ ဖောက်လွဲဖောက်ပြန်မှုများ “ပိုပိုဆိုးဝါးလာနေ” ခြင်းကို ပြုပြင်မှသာ တော်လှန်ရေးအောင်ပွဲဆင်နိုင်မှာဖြစ်ကြောင်း မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက ဝေဖန်သတိပေးလိုက်သည်။

NUG ၏ မြေပြင်မှာ ဖွဲ့စည်းတာဝန်ပေးအပ်ထားသော အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေးကဏ္ဍ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ၏ အာဏာအလွဲသုံးစားပြုမှုနှင့်ပတ်သက်၍ ပြည်သူ့အသံ ထင်ဟပ်သော အညာသားသပိတ်ခေါင်းဆောင်၏ ဆွေးနွေးချက်များကို မဇ္ဈိမ၏ Exclusive Interview အစီအစဉ်တွင် ကြည့်ရှု့နိုင်မှာဖြစ်သည်။