နေမာရဲ့ ပီအက်စ်ဂျီ အပြောင်းအရွှေ့ စုံစမ်းစစ်ဆေးမှုထဲ ပြင်သစ်ဝန်ကြီးဌာန ဝင်ရောက်ရှာဖွေခဲ့

ပြင်သစ်ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီးဌာနဟာ ၂၀၁၇ က ဘရာဇီးလ်စူပါစတား နေမာရဲ့ ပဲရစ်စိန့်ဂျာမိန်းထံ ပြောင်းရွှေ့မှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတစိတ်တပိုင်းအဖြစ် ဒီသီတင်းပတ်အစောပိုင်းမှာ ရှာဖွေခဲ့ကြောင်း သတင်းရင်းမြစ်တခုက ကြာသပတေးနေ့မှာ ပြောပါတယ်။

ပီအက်စ်ဂျီဟာ ပြောင်းရွှေ့မှုရဲ့ တစိတ်တပိုင်းအဖြစ် အချို့သော အခွန်ခံစားခွင့်တွေ၊ ကင်းလွတ်ခွင့်တွေ ဒါမှမဟုတ် ငွေကြေးပေးချေမှုမျိုး ရရှိသွားနိုင်တယ်လို့ သံသယတွေကြားမှာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့နဲ့အတူ တာဝန်ရှိသူတွေက တနင်္လာနေ့မှာ ရှာဖွေမှုတွေ ပြုလုပ်ခဲ့ကြောင်း သတင်းရင်းမြစ်က ဆိုပါတယ်။

စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

ပီအကစ်ဂျီဟာ မှတ်ချက်ပေးဖို့ Reuters ရဲ့ တောင်းဆိုမှုကို ချက်ချင်းတုံ့ပြန်ခြင်းမရှိဘူးလို့ သိရပါတယ်။

နေမာဟာ ၂၀၁၇ မှာ ဘာစီလိုနာမှ ကာတာပိုင်ဆိုင်တဲ့ ပီအက်စ်ဂျီကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်း (ဒေါ်လာ ၂၄၂ သန်း) ဖြင့် ရောက်ရှိလာခဲ့ပြီး ဒဏ်ရာတွေ ဆက်တိုက်ရရှိခဲ့ပေမယ့်လည်း ၁၇၃ ပွဲမှာ ၁၁၈ ဂိုးသွင်းယူပေးခဲ့ပါတယ်။

ပြီးခဲ့တဲနှစ်မှာ သူဟာ ဆော်ဒီကလပ် အယ်လ်-ဟီလာအတွက် ပြင်သစ်ကလပ်ကို စွန့်ခွာခဲ့ပြီး ငွေကြးအသုံးကြမ်းတဲ့ ဆော်ဒီပရိုလိဂ်က ကမ္ဘာကျော်ဘောလုံးသမားတဦးကို နောက်ဆုံး ခေါ်ယူမှုဖြစ်ခဲ့ပါတယ်။

သူဟာ ဆော်ဒီအာရေးဗီးယားမှာ တရာသီ ယူရို သန်း ၁၀၀ ရရှိမှာဖြစ်ပြီး အပြောင်းအရွှေ့ ညှိနှိုင်းမှုတွေနဲ့ နီးစပ်သူတဦးရဲ့ ပြောကြားချက်အရ ပီအက်စ်ဂျီဟာ ဒီသဘောတူညီမှုအတွက် ယူရိုသန်း ၁၀၀ ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

Ref; AFP/Reuters, Photo: EPA