မန်ချက်စတီးတီးနဲ့ ၂၀၂၇ အထိ စာချုပ်သက်တမ်းတိုးတဲ့ ယူအီ ဟာဆေးဂါဝါ

ဂျပန်အမျိုးသမီးကွင်းလယ်ကစားသမား ယူအီ ဟာဆေးဂါဝါဟာ မန်ချက်စတာစီးတီးအသင်းမှာ ၂၀၂၇ အထိ ဆက်ရှိနေမယ့် စာချုပ်ကို သက်တမ်းတိုးချုပ်ဆိုလိုက်ပါတယ်။

သူမဟာ ၂၀၂၂ မှာ အမျိုးသမီးစူပါလိဂ်ကလပ် ဝက်စ်ဟမ်းအသင်းမှ ပြောင်းရွှေ့လာပြီးနောက်ပိုင်း ၄၁ ပွဲကစားထားပါတယ်။

အသက် ၂၆ နှစ်ရှိ ဟာဆေးဂါဝါဟာ ၂၀၂၂-၂၃ အတွက် ပရော်ဖက်ရှင်နယ်ဘောလုံးအဖွဲ့ရဲ့ WSL Team of the Year မှာ ရွေးချယ်ခံခဲ့ရသလို အမျိုးသမီး ဘလွန်းဒီအော်ဆုအတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။

ဂျပန်အသင်းအတွက် ၂၀၁၇ မှာ ပွဲဦးထွက်ပြီးနောက် ၇၇ ပွဲကစားပေးခဲ့တဲ့ ဟာဆေးဂါဝါက “ကျမ အရမ်းကိုပဲ ကျေနပ်ပျော်ရွှင်မိပါတယ်”လို့ ပြောပါတယ်။

“အကြီးမားဆုံး အကြောင်းပြချက်တွေထဲက တခုက ကလပ်ရဲ့ ဘောလုံးကစားပုံနဲ့ဟန်ကြောင့် ကျမ သက်တမ်းတိုးခဲ့တာပါ။ လိဂ်၊ ချန်ပီယံလိဂ်နဲ့ ဖလားကို ရယူချင်ပါတယ်၊ ဒါကြောင့် ကျမ ဒီမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပလတယ်”

စီးတီးဟာ WSL အမှတ်ပေးဇယား ဦးဆောင်သူတွေနဲ့ လက်ရှိချန်ပီယံ ချယ်လ်ဆီးအသင်းနောက် သုံးမှတ်အကွာမှာ ရပ်တည်နေပါတယ်။