ဘာစီလိုနာမှ ထွက်ခွာတော့မယ့် အင်္ဂလန် အမျိုးသမီး ဘောလုံးကြယ်ပွင့် ဘရောင်း

By PKThawn

အင်္ဂလန်ဘောလုံးလောကရဲ့ ကြယ်ပွင့် လူစီဘရောင်းဟာ ဘာစီလိုနာမှ ထွက်ခွာတော့မယ်လို့ ကလပ်အသင်းက ကြာသပတေးနေ့မှာ ကြေညာခဲ့ပါတယ်။ သူမဟာ ချန်ပီယံလိဂ်ဆုဖလား ငါးကြိမ်ရထားတဲ့အနက် နှစ်ကြိမ်ကို ဘာစီလိုနာအသင်းနဲ့အတူ ရယူခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ် နောက်ခံကစားသမားဟာ ချန်ပီယံလိဂ်ဖလား သုံးကြိမ် (၂၀၁၈-၂၀)ကို လိုင်ယွန်နဲ့အတူ ဆွတ်ခူးခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီက အသင်းဟောင်းပြင်သစ်ကလပ်ကို အနိုင်ယူပြီး ဘာကာကို ချန်ပီယံလိဂ်ဖလားရအောင် ကူညီပေးပြီးတဲ့နောက် သူမဟာ အခုလို လမ်းခွဲသွားတာဖြစ်ပါတယ်။

“လူစီဘရောင်းဟာ ဒီနှစ် ဇွန်လ ၃၀ ရက်နေ့မှာ ကုန်ဆုံးမယ့် ဘာစီလိုနာနဲ့ သူမရဲ့စာချုပ်ကို သက်တမ်းတိုးတော့မှာမဟုတ်ပါဘူး”လို့ ကလပ်အသင်းက ထုတ်ပြန်ချက်မှာ ပြောပါတယ်။

“လူစီက ထင်းရှားတဲ့ အမွေအနှစ်တချို့ကို ချန်ရစ်ရင်း ထွက်သွားနေပြီဖြစ်ပါတယ်။

“နှစ်နှစ်အတွင်းမှာ သူမဟာ ဥရောပဖလား နှစ်ကြိမ်အပြင် လီဂါ နှစ်ကြိမ်၊ ကိုပါ ဒီလာရီနာ တကြိမ်နဲ့ စပိန်စူပါဖလား နှစ်ကြိမ်ကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

“လူစီဘရောင်းအနေနဲ့ သူမရဲ့ ပရော်ဖက်ရှင်နယ်ဘဝနဲ့ ကိုယ်ပိုင်ဘဝ နောက်တအဆင့်မှာ ကံကောင်းပါစေလို့ ကလပ်က ဆုတောင်းပေးပါတယ်။”

Bronze ဟာ နယ်သာလန်နည်းပြ ဆာရီနာ ဝီဂမန်းလက်ထက် အင်္ဂလန်အသင်း အောင်မြင်မှုရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတခုလည်းဖြစ်ခဲ့ပါတယ်။

သူမဟာ ဝင်ဘာလေမှာ ဂျာမနီကို ၂-၁ ဂိုးနဲ့ အနိုင်ခဲ့တဲ့ ၂၀၂၂ ဥရောပချန်ပီယံရှစ်ဗိုလ်လုပွဲမှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့ပြီး အသင်းက စပိန်ကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ၂၀၂၃ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာလည်း ပါဝင်ခဲ့ပါတယ်။

(AFP)